myaelatt athan

Sharing Information to the Local

စစ်ကောင်စီအတွက် ထောင်ထားတဲ့မိုင်း ပြည်သူကောက်သွားလို့ မစ်ရှင်ဖျက်ခဲ့ရ

ပခုက္ကူ၊ မတ် ၁၇၊ ၂၀၂၃။

မကွေးတိုင်း၊ ပခုက္ကူမြို့၊ အမှတ် ၃ ရပ်ကွက် မြို့ရှောင်လမ်းပိုင်း တနေရာမှာ စစ်ကောင်စီယာဥ်တန်းတွေကို တိုက်ခိုက်မယ့် မစ်ရှင်တခု ဖျက်သိမ်းလိုက်ရတယ်လို့ People Defence Force Column 1 အဖွဲ့ဆီက သိရပါတယ်။

မကွေးနဲ့ စစ်ကိုင်းနယ်တွေထဲကို ပခုက္ကူက စစ်ကောင်စီတပ်တွေ စေလွှတ်မယ့် သတင်းရရှိထားလို့ မတ်လ ၁၆ ရက် မနေ့ မနက် ၉ နာရီခန့်က မြို့ရှောင်လမ်းပိုင်းမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်မယ့် မိုင်း ၂ လုံး ထောင်ထားချိန် အရပ်ဝတ် ဝတ်ဆင်ထားသူ ၂ ဦးက အဲ့ဒီမိုင်း ၂ လုံးကို ကောက်ယူသွားလို့ ဖောက်ခွဲမယ့်အစီအစဉ် ဖျက်သိမ်းလိုက်ရတာလို့ အဖွဲ့တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

“စကစ ကားတန်းတွေကို ကြားကနေ ဖြတ်တောက်မိုင်းခွဲဖို့ ဂုန်နီအိတ်နဲ့ထည့်ပြီး ထောင်ထားတာကို လာကောက်သွားတာ။ ကျနော်တို့ဘက်က တွေ့နေလျက်နဲ့ ပြည်သူလား၊ စကစလား မသေချာလို့ မိုင်းမခွဲလိုက်ရဘူး” လို့ ပြောပါတယ်။

မစ်ရှင်တစ်ခုအောင်မြင်ဖို့ အချိန်၊ ငွေနဲ့ အသက်ရင်း လုပ်ကိုင်ထားရတာဖြစ်ပြီး ပြည်သူတွေအနေနဲ့ လမ်းဘေးဝဲယာတွေမှာ ရှိနေတဲ့ မသက်ဆိုင်တဲ့အထုပ်အပိုးပစ္စည်းတွေကို ကိုင်တွယ်တာ၊ ယူဆောင်တာတွေ မလုပ်ကြဖို့နဲ့ လုပ်ဆောင်ခဲ့ရင် ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေကို ကိုယ်တိုင်တာဝန်ယူရမယ်လို့ ဆိုပါတယ်။

People Defence Force Column 1 အဖွဲ့ဟာ ပခုက္ကူမြို့နယ် အခြေပြုလှုပ်ရှားနေတဲ့ ဒေသတွင်း ကာကွယ်‌ရေးတပ်ဖွဲ့ တခုဖြစ်ပြီး ဒေသတွင်းမဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု မစ်ရှစ်တွေ မကြာခဏ လုပ်ဆောင်နေတဲ့အဖွဲ့ ဖြစ်တယ်လို့ သိရပါတယ်။


စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။