myaelatt athan

Sharing Information to the Local

မိုးကြိုးပြင်ရွာကို စက်တပ်လေထီးနဲ့ ဗုံးကြဲလို့ အဘွားအို ၁ ဦးသေဆုံး

0 15
0 15

ဆားလင်းကြီး၊ ဩဂုတ် ၁၈၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်ရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ဗုံးကြဲခဲ့တာကြောင့် အသက် ၆၀ အရွယ် အမျိုးသမီး ၁ ဦးသေဆုံးပြီး အသက် ၄၀ အရွယ်အမျိုးသား ၁ ဦး ခြေထောက်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ် ၁၈ ရက် ဒီနေ့လယ် ၂ နာရီခွဲက မိုးကြိုးပြင်တောင်ရွာ ရွာထိပ်က လူနေအိမ် ၁ လုံးပေါ်ကို ဗုံးသီးကျပေါက်ကွဲကာ အသက် ၆၀ အရွယ်ရှိ ဒေါ်သောင်းခင်ဆိုသူ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၎င်းရဲ့ သားမတ်ဖြစ်သူ အသက် ၄၀အရွယ် ကိုမင်းသန့်ကတော့ ခြေထောက် ဗုံးစထိမှန်ဒဏ်ရာကြောင့် ခြေထောက်ဖြတ်ပစ်ရမယ့် အခြေအနေရှိတယ်လို့ သိရပါတယ်။

“ရွာရဲ့ ရွာဦးခေါင်း၊ ရွာထိပ်ပေါ့၊ ပုသိမ်-မုံရွာလမ်း အနောက်ဘက်၊ ထိခိုက်ဒဏ်ရာကတော့ မိခင်ဖြစ်သူ ဒေါ်သောင်းခင်ကတော့ ပွဲချင်းပြီး သေဆုံးသွားပြီးတော့ သားမက်ဖြစ်သူ တယောက်ကတော့ ခြေထောက် ဖြတ်ပစ်ရမယ့် အနေအထားထိ ရောက်သွားတယ်။” လို့ ဆားလင်းကြီး ဒေသခံတဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဘက်က တက်လာတဲ့ ပါရာမော်တာနဲ့ ခုလို ကြဲချသွားတာဖြစ်ပြီး ဗုံးသီးကျတဲ့နေအိမ်လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဗုံးကြဲပြီးနောက် လေကြောင်းအန္တရာယ်အပြင် ဝမ်ပေါင်ကုမ္ပဏီကနေ စစ်ကောင်စီတပ်က ခြေလျင်စစ်ကြောင်းထိုးလာတာကြောင့် မိုးကြိုးပြင်နဲ့ အနီးဝန်းကျင်က ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဒီကနေ့တရက်တည်းမှာပဲ ဆားလင်းကြီးအပြင် ဝက်လက်မြို့နယ်နဲ့ ဒီပဲယင်းမြို့တို့မှာလည်း စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာတွေအပါအဝင် ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။