အိမ်မီးရှို့ခံရတဲ့ ဒေသခံတွေအတွက် အဝတ်အထည်နဲ့စားသောက်ကုန်တွေ ထောက်ပံ့

0 4
0 4

ယင်းမာပင်၊ မတ် ၁၆၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကုန်းရွာက နေအိမ်မီးရှို့ခံရတဲ့ ဒေသခံတွေအတွက် လိုအပ်တဲ့ အဝတ်အထည်နဲ့ စားသောက်ကုန်တွေကို ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၁၄ ရက်မှာ ကာလတန်ဖိုးကျပ်သိန်း ၂၀ ကျော်ရှိတဲ့ အဝတ်အထည်နဲ့ စားသောက်ကုန်တွေကို ဒေသခံတွေ လက်ထဲအရောက် သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့ Next Generation Hope အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ကျနော်တို့အဖွဲ့က အများပြည်သူ လှူဒါန်းထားတဲ့ငွေတွေနဲ့ သင့်တော်မယ့် အဆင်ပြေမယ့်အရာလေးတွေကို စီစဥ်ပြီး သွားလှူပေးခဲ့တာ ဖြစ်ပါတယ်။ သူတို့ရွာက ရွာလုံးကျွတ်နီးပါး မီးရှို့ခံထားရတာ။ ရွာသားတွေကတော့ ရွာထဲကို ပြန်ရောက်နေကြပြီ။ အဆင်ပြေသလို နေနေကြရတယ်။ ကျနော်တို့ဘက်က သွားထောက်ပံ့ပေးခဲ့တာကတော့ အိမ်ထောင်စု ၅၀ စာလောက်ပဲ ရှိပါတယ်။ နောက်လည်း အများပြည်သူ လှူဒါန်းတာတွေရှိရင် ထပ်ပြီးထောက်ပံ့ပေးဖို့ အစီစဥ်ရှိတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ မီးရှို့တာကိုခံရလို့ ဒေသခံအများစုဟာ နေအိမ်မရှိတော့ဘဲ အိမ်ခြံဝန်းအတွင်းမှာ မိုးကာတဲတွေ ထိုးပြီး ပြန်လည်နေထိုင်နေရတယ်လို့ ဆိုပါတယ်။

ကုန်းရွာဟာ အိမ်ခြေ ၇၀၀ ကျော်ရှိတဲ့ ကျေးရွာဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂၈ ရက်ညက စစ်ကောင်စီတပ်ဘက်က အင်အား ၁၀၀ လောက်နဲ့ မီးရှို့ခဲ့လို့ အိမ်ခြေ ၁၀၀ နီးပါးသာ မီးမလောင်ဘဲ ကျန်ခဲ့တယ်လို့ ဆိုပါတယ်။

အိမ်တွေကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ချိန်မှာလည်း အမျိုးသား ၃ ဦးကို သတ်ဖြတ်ခဲ့လို့ ရုပ်အလောင်းတွေကို ပြန်တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။