myaelatt athan

Sharing Information to the Local

လူဦးရေ ၃၀၀ နီးပါးရှိတဲ့ စစ်ရှောင်စခန်းကို ကုန်စိမ်းနဲ့မုန့်များ လှူဒါန်း

0 2
0 2

ချောင်းဦး၊ မတ် ၁၁၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းမှာ စစ်ရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ ၃၀၀ နီးပါးကို မုံရွာဒေသကာကွယ်ရေး We are People တပ်ဖွဲ့က မတ်လ ၁၀ ရက်နေ့မှာ ကုန်စိမ်းနဲ့မုန့်တွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ချောင်းဦးမြို့နယ်ထဲက စစ်ရှောင်ပြည်သူတွေဟာ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ အဓိကနေထိုင်ကြရပြီး တချို့စစ်ရှောင်တွေဟာ ထွက်ပြေးတိမ်းရှောင်နေရတာ ၁ နှစ်နီးပါးရှိပြီ ဖြစ်တယ်လို့လည်း We are People မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ကျနော်တို့ သွားလှူတဲ့ကျောင်းမှာကတော့ လူဦးရေ ၃၀၀ လောက် ရှိမယ်။ တခြားနေရာတွေမှာလည်း စစ်ရှောင်တွေရှိတယ်။ အဲ့ဘက်တွေမှာ လူဦးရေဘယ်လောက်ရှိလဲဆိုတာတော့ အတိအကျမသိရဘူး။ တချို့ရွာသားတွေဆို ပျူရွာနဲ့နီးလို့ ထွက်ပြေးတိမ်းရှောင်နေရတာတော်တော်ကို ကြာနေပြီး တချို့ကတော့ လပိုင်းလောက်ပဲ ရှိသေးတယ်” လို့ ဆိုပါတယ်။

လက်ရှိအချိန်အထိလည်း စစ်ကောင်စီစစ်ကြောင်းဟာ ချောင်းဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးမှုတွေ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်တဲ့အတွက် ချောင်းဦးမြို့နယ်အတွင်းမှာရှိတဲ့ ဒေသခံများစွာဟာ ထပ်မံပြီး စစ်ရှောင်နေရတယ်လို့လည်း သိရပါတယ်။

အဲဒီတပ်ဖွဲ့တွေအနေနဲ့ ဆားလင်းကြီး၊ ယင်းမာပင်ဘက်မှာရှိတဲ့ စစ်ရှောင်တွေကိုလည်း သွားရောက်လှူဒါန်းခဲ့တာ ၁၂ ကြိမ်လောက်ရှိပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့ကလည်း ချောင်းဦးမြို့နယ်ထဲက စစ်ရှောင်ပြည်သူတွေကို သွားရောက်လှူဒါန်းခဲ့သလို တပ်ဖွဲ့အနေနဲ့ အလှူငွေရှိလျှင်ရှိသလို လိုအပ်တဲ့နေရာတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းလေ့ရှိတယ်လို့လည်း ဆိုပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။