myaelatt athan

Sharing Information to the Local

မိုးကုတ်က ဘုန်းကြီးကျောင်းပေါ်ဗုံးကြဲမှု ကလေးငယ်နဲ့ ကိုယ်ဝန်သည်အပါ ၁၀ ဦးသေဆုံး

0 40
0 40

မြေလတ်အသံ၊ သြဂုတ် ၁၅၊ ၂၀၂၅။

မန္တလေးတိုင်း၊ မိုးကုတ်မြို့ပေါ်ကို စစ်ကောင်စီတပ်က သြဂုတ် ၁၄ ရက်ည ၈ နာရီကျော်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်နဲ့ ကိုယ်ဝန်သည်အပါအဝင် သေဆုံးသူ ၁၀ ဦးခန့်ရှိခဲ့တယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။

မိုးကုတ်မြို့အရှေ့ပိုင်း ရွှေတိုင်ရပ်ကွက်ရှိ လင်းရောင်ခြည်ဘုန်းကြီးကျောင်းဝန်းကျင်ကို ပေါင် ၅၀၀ ဗုံးသီး ၁ လုံးကြဲချခဲ့တာဖြစ်ပြီး ဘုန်းကြီးကျောင်းအနီးရှိ ကလေးမွေးဖွားဖို့ ပြင်ဆင်နေတဲ့အိမ်ကိုပါ ဗုံးစ ထိမှန်ခဲ့တာကြောင့် ထိခိုက်သေဆုံးပိုများခဲ့တာလို့ ဆိုပါတယ်။

“ထိခိုက်သူတွေက နေအိမ်ကနေ ပေ ၂၀၀ ကျော်လောက်ထိ လွင့်ထွက်ကုန်တာ။ အချို့က အသားစတွေပဲ ရှာလို့ရတယ်။ ကိုယ်ဝန်သည်လည်း ဆုံးပါးသွားတယ်ပြောတယ်။ ကျနော် အနားထိသွားမရခဲ့ဘူး။ လူနာတွေ အလောင်းတွေက သယ်ထုတ်ပြီးသွားကြပြီ”လို့ မြို့ခံအမျိုးသားတဦးကပြောပါတယ်။

သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရရှိသူတွေရဲ့ အသေးစိတ်အချက်အလက် နဲ့ လူနေအိမ် ပျက်စီးမှုအခြေအနေတွေကို သိရှိနိုင်ဖို့မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့သြဂုတ် ၉ ရက်ည ၆ နာရီကျော်မှာလည်း မိုးကုတ်မြို့၊ အရှေ့ပိုင်း ကျောက်နဂါးကျေးရွာကို စစ်ကောင်စီတပ်က တိုက်ခိုက်ရေးလေယာဥ် ၁ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၇၁ နှစ်ရွယ်အမျိုးသား ၁ ဦး၊ ၈ နှစ်ရွယ် ယောက်ျားလေး ၁ ဦး၊ ကိုရင် ၁ ပါး၊ ၃၂ နှစ်အမျိုးသမီး ၁ ဦး၊ ၁၁ နှစ်အရွယ် မိန်းကလေး ၁ ဦး စုစုပေါင်း ၅ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။