စစ်ကိုင်းမှာ စစ်ယာဥ်တန်း ၂ ခုဆုံချိန် ဒရုန်းနဲ့ တိုက်ခိုက်ခံရ

0 3
0 3

စစ်ကိုင်း၊ မတ် ၄၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲမှာ မတ်လ ၃ ရက် မနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီ ယာဥ်တန်းနှစ်ခုဆုံချိန် ဒေသခံကာကွယ်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းအခြေစိုက် တမခ ၃၃ က ထွက်လာတဲ့ ယာဥ်တန်းနဲ့ မုံရွာမြို့ဘက်က ထွက်လာတဲ့ယာဥ်တန်း စုစုပေါင်း ၂၀ စီးလောက် ဆုံရာ စစ်ကိုင်းမြို့နယ်ထဲက မုံရွာ-မန္တလေး အဝေးပြေးလမ်းမ တနေရာမှာ ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ T. G.R Women Drone Force ခေါင်းဆောင် ကျားခင်စိန်က အခုလို ပြောပါတယ်။

“မနေ့က စကစ ကားတန်းတွေက ရှုပ်နေတာပဲ။ မုံရွာကနေရော၊ စစ်ကိုင်းကနေရော သူတို့တွေ ကားနဲ့ ပစ္စည်းတခုခုကို သယ်ဆောင်နေကြတာ။ သူတို့ကားတန်းတွေ အဝေးပြေးလမ်းမပေါ် ရောက်လာတဲ့အချိန်မှာ ဒရုန်းနဲ့ကြဲချလိုက်တယ်။ ထိခိုက်မှုတွေတော့ ရှိပါတယ်။ အတိအကျတော့ မသိသေးပါဘူး” လို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုကို T. G. R Women Drone Force၊ မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ Black Eagle People Defense Force တပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြတာ ဖြစ်ပြီး အဲ့ဒီယာဥ်တန်းတွေပေါ်ကလည်း ပြန်လည်ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

T. G. R Women Drone Force တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေကို ဒရုန်းနဲ့ ၆ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ ၇ ရက် မနက် ၆ နာရီဝန်းကျင်မှာလည်း စစ်ကိုင်းမြို့ဘက်က ထွက်လာတဲ့ စစ်ကောင်စီကား ၃ စီးကို မြင်းမူမြို့နယ်၊ ဂွေးပင်တောရွာနဲ့ နတ်ရေကန်ရွာကြားမှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါသေးတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။