myaelatt athan

Sharing Information to the Local

မုံရွာနဲ့ ချောင်းဦးမှာ ဗုံးကြဲပစ်ခတ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်အပါ ၇ ဦးဒဏ်ရာရ

0 57
0 57

ချောင်းဦး၊ ဩဂုတ် ၁၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နဲ့ ချောင်းဦးမြို့မှာ စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ဗုံးကြဲတဲ့အပြင် လက်နက်ကြီးတွေနဲ့ပါပစ်ခတ်တာကြောင့် ထိခိုက်ဒဏ်ရာရသူ ၇ ဦးရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ် ၁ ရက် နေ့လယ် ၁၀ နာရီခန့်လောက်က စက်တပ်လေထီး ၁ စီးနဲ့ မုံရွာမြို့နယ် ချောင်းဆုံရွာထိပ်ကို ဗုံး ၁ လုံးကြဲချတိုက်ခိုက်ချိန် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးနဲ့ အမျိုးသား ၁ ဦး စိုးရိမ်ရ ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် နေ့လယ် ၁၀ နာရီ ၁၅ မိနစ်မှာ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာအနီးကို ဗုံး ၁ လုံးကြဲချ တိုက်ခိုက်ချိန် အမျိုးသား ၂ ဦးထိခိုက်ပြီး၊ ၁၀ နာရီခွဲမှာ မြပုလဲခြံကနေ လက်နက်ကြီးနဲ့ ၆ လုံး ထပ်မံ ပစ်ခတ်ခဲ့တာကြောင့် ရွှေဒါးကျကျေးရွာက အမျိုးသမီး ၁ ဦး၊ အမျိုးသား ၂ ဦးထိခိုက်ဒဏ်ရာခဲ့တာလို့ ဆိုပါတယ်။

“စိုးရိမ်ရတဲ့လူ ၂ ဦးတော့ပါတယ်၊ သူတို့က လေကြောင်းကနေတိုက်ခိုက်အပြီး မြပုလဲခြံကနေ လက်နက်ကြီးနဲ့ ၆ လုံးလောက်ပစ်တယ်၊ ချောင်းဦး တာဘောင်အစပ်တွေကို လှမ်းထုတာ၊ အဲ့ဒီမှာလည်း ပြည်သူအထိအခိုက်ရှိသေးတယ်၊ ၃ ဦးလောက်ထိခိုက်တယ်”လို့ ရွှေဒါးကျဒေသခံတဦးက ပြောပါတယ်။

လက်ရှိမှာ ဒဏ်ရာရသူတွေကိုတော်လှန်ရေးဆေးပေးခန်းတွေမှာ အသီးသီးကုထားပြီး ကုသလို့မနိုင်တဲ့ သူတွေကိုတော့ တခြားဆေးရုံတွေကိုပို့ပြီးကုသနေတယ်လို့ ဆိုပါတယ်

ဒါ့အပြင် ချောင်းဆုံရွာထိပ်က ဆိုင်တခုလည်း ဗုံးကျရောက်ပေါက်ကွဲပျက်စီးခဲ့သလို ဒေသခံတွေလည်း တိမ်းရှောင်နေကြတယ်လို့ အထက်ပါဒေသခံကဆက်ပြောပါတယ်။

ဇူလိုင် ၂၉ ရက် ညနေ ၄ နာရီခွဲလောက်က ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ် မြပုလဲဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတွေဟာ ကျီကုန်းရွာကို ၈၀ မမ လက်နက်ကြီး ၂ လုံးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေး ၁ ဦးအပါ အမျိုးသမီး ၂ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။