CDM ကျန်းမာရေးဝန်ထမ်းများ သတ်ဖြတ်ခံနေရမှု NUG ပြင်းထန်စွာ ရှုံ့ချ

0 4
0 4

အုတ်ဖို၊ မတ် ၁၊ ၂၀၂၃။

မွေးလူနာကုသပြီးအပြန် အုတ်ဖိုက CDM သူနာပြုဆရာမလေးအား ရက်စက်စွာ သတ်ဖြတ်ခဲ့မှုအပါအဝင် နိုင်ငံတဝှမ်း CDM ကျန်းမာရေးဝန်ထမ်းများကို သတ်ဖြတ်ဖမ်းဆီးနေမှုတွေနဲ့ ကျန်းမာရေးအဆောက်အအုံတွေကို ဖျက်ဆီးနေတဲ့ စစ်ကောင်စီကို ပြင်းထန်စွာ ရှုံ့ချကန့်ကွက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ – NUGရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အဲ့ဒီထုတ်ပြန်ကြေညာချက်ကို ယမန့်နေ့ ဖေဖော်ဝါရီလ ၂၈ ရက်က ထုတ်ပြန်ခဲ့တာဖြစ်ပြီး၊ ပဲခူးတိုင်းအနောက်ပိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်ရှိ တောတွင်းမှာ မွေးလူနာ မွေးပေးပြီး နေရပ်ပြန်လာတဲ့ CDM တိုက်နယ်ဆေးရုံက သူနာပြုဆရာမတဦးကို အခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်မှာ အဓမ္မပြုကျင့်ပြီး ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရတာအပါအဝင် ကျန်းမာရေးဝန်ထမ်းတွေ သတ်ဖြတ်ခံနေရတာတွေကို ထုတ်ပြန် ကြေညာခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းယူပြီး ၂ နှစ်ကျော်ကြာကာလအတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ပဲခူးတိုင်းအတွင်းက ဆေးရုံ၊ ဆေးပေးခန်းတွေကို လေယာဥ်နဲ့ ဗုံးကြဲတာ၊ မီးရှို့ဖျက်ဆီးတာအပေါ် ပြင်းထန်စွာရှုံ့ချပြီး အဲဒီလုပ်ရပ်တွေမှာ ပြည်တွင်းအပါ နိုင်ငံတကာဥပဒေများနဲ့အညီ မဟုတ်တာ၊ (Geneva Conventions)အရ သာမက ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်များကိုပါ ပြောင်ပြောင်တင်းတင်း ချိုးဖောက်လျက်ရှိတဲ့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကောင်းမွန်သော နည်းလမ်းတွေနဲ့ အရေးယူပေးရေးကိုလည်း ထပ်မံတိုက်တွန်းကြောင်း၊ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အာဏာသိမ်းပြီး ၂ နှစ်တာအတွင်း ကျန်းမာရေးဝန်ထမ်း ၇၀ သတ်ဖြတ်ခံရသလို ၇၈၀ ကျော် ထိခိုက်ဒဏ်ရာ မျိုးစုံရတာ၊ ၉၀၀ ကျော် ဖမ်းဆီးခံရတာနဲ့အတူ ဆေးရုံနဲ့ ဆေးပေးခန်းပေါင်း ၁၆၀ ကျော်တို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ NUG က သတင်းထုတ်ပြန်ထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။