စစ်အုပ်စုရဲ့ ဖမ်းဆီးသတ်ဖြတ်ခံ ပြည်သူတွေနဲ့ ကျဆုံးရဲဘော်တွေအတွက် NUG က ငွေးကြေးထောက်ပံ့

0 3
0 3

ဂန့်ဂေါ၊ ဖေဖော်ဝါရီ ၂၈၊ ၂၀၂၃။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးသတ်ဖြတ်တာကို ခံခဲ့ရသူတွေနဲ့ တိုက်ပွဲတွင်း ကျဆုံးရဲဘော်တွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ – NUG၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထောက်ပံ့တဲ့ငွေကို ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ကတဆင့် သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးအသတ်ခံရတဲ့ အရပ်သားပြည်သူ ၄၉ ဦးနဲ့ ကျဆုံးရဲဘော် ၇၉ ဦးတို့အတွက် ဖေဖော်ဝါရီလ ၂၈ ရက် ဒီကနေ့မနက်ပိုင်းမှာ သက်ဆိုင်ရာ မိသားစုဝင်တွေဆီကို သွားရောက်ထောက်ပံ့ပေးခဲ့တာလို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောပါတယ်။

“ထောက်ပံ့လှူဒါန်းတဲ့ ငွေကျပ် ၁၂၈ သိန်းကို ပအဖအဖွဲ့ကနေ စစ်‌ကောင်စီက ဖမ်းဆီးသတ်ဖြတ်တဲ့ ပြည်သူနဲ့ တိုက်ပွဲမှာ ကျဆုံးတဲ့ ရဲဘော်တွေ ၁၂၈ ဦးကို ၁ ဦးကို ၁ သိန်းကျပ် ထောက်ပံ့ပေးခဲ့တာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလပိုင်းကလည်း ဂန့်ဂေါမြို့နယ်ထဲက စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးသတ်ဖြတ်တာကို ခံခဲ့ရသူ ၁၀ ဦးအတွက် NUG ရဲ့ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကနေလှူဒါန်းတဲ့ငွေကို လှူဒါန်းတဲ့ငွေကို ဂန့်ဂေါ ပအဖ အဖွဲ့ဝင်တွေက တဆင့်ခံ သွားရောက်လှူဒါန်းပေးခဲ့ပါသေးတယ်။

လက်ရှိဂန့်‌ဂေါမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ဒေသခံ ၃ ထောင်ကျော် ရှိပြီး၊ ပျူစောထီးတွေ ရန်‌ကြောက်လို့ နေရပ်စွန့်ခွာလာသူက ၁၅၀၀ ဦးဝန်းကျင် ရှိတယ်လို့လည်း သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။