myaelatt athan

Sharing Information to the Local

ဆိပ်ဖြူ-ဆော လမ်းပိုင်းတွေကို အသုံးမပြုဖို့ တားမြစ်ချက် ကားသမားတွေ မလိုက်နာလို့ ကာကွယ်ရေးတပ်ဖွဲ့တွေ လှုပ်ရှားဖို့ ခက်တယ်လို့ဆို

0 3
0 3

မကွေး၊ ဖေဖော်ဝါရီ ၂‌၇၊ ၂၀၂၃။

မကွေးတိုင်း၊ ဆိပ်ဖြူ − ဆောလမ်းပိုင်းတွေကို အသုံးမပြုဖို့ တားမြစ်ထားပေမဲ့လည်း ကားသမားတွေက မလိုက်နာတဲ့အတွက် ကာကွယ်ရေးတပ်ဖွဲ့တွေ ပစ်ခတ်ဖို့အတွက် ခက်ခဲတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်း ၂ ကြောင်းဟာ ဖေဖော်ဝါရီ ၂၃ ရက်နေ့ကတည်းက ဆိပ်ဖြူမြောက်ပိုင်းနဲ့ ပုသိမ်၊ မုံရွာလမ်းဘက်ကို စစ်ကြောင်းထိုးနေပြီး ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာတော့ စစ်ကြောင်းတကြောင်းဟာ ပုသိမ် − မုံရွာဘက်မှာရှိတဲ့ ရှားလှရွာထဲကို ရောက်ရှိသွားပေမဲ့လည်း ကျန်စစ်ကြောင်းတကြောင်းကတော့ ဆိပ်ဖြူ − ဆောလမ်းပိုင်းမှာ ပျောက်ဆုံးနေတဲ့အတွက် အခုလို လမ်းပိုင်းတွေကို ပိတ်ရခြင်း ဖြစ်တယ်လို့ ဆိပ််ဖြူ ဘာမတီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက မြေလတ်အသံကို ပြောပါတယ်။

“ဆိပ်ဖြူ−ဆောလမ်းပိုင်းက အဓိက လမ်းမကြီးထဲ ပါတယ်။ အဲဒီလမ်းက တောင်ပေါ်မှာဆိုတော့ ဆောမြို့ကိုကျော်ပြီး ကန်ပက်လက်နဲ့ မင်းတပ်ထိ ကုန်ပစ္စည်းပို့ပေးတဲ့ လမ်းမကြီး၊ ရက်ကြာရင် ကြာသလောက် ဒုက္ခဖြစ်မှာက တောင်ပေါ်က ပြည်သူတွေပါ။ အရင်က ဒေသခံတွေ ကန့်ကွက်တာရှိပေမဲ့ ကျတော်တို့ကလည်း ကာကွယ်ရေးအဖွဲ့တွေဆိုတော့ အရင်ဆုံး ကျတော်တို့ ကာကွယ်နိုင်မှ ပြည်သူတွေကို ကာကွယ်နိုင်မှာပါ” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ကလည်း ဆိပ်ဖြူ ဘာမထီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ အပတ်စဉ် (၆) သင်တန်းဆင်းပွဲကိုလည်း ကျင်းပပြုလုပ်ခဲ့ပါသေးတယ်။

ကားသမားတွေက မလိုက်နာတဲ့အတွက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဟာ ပစ်ခတ်မှုကိုပြုလုပ်ဖို့ ခက်ခဲနေတယ်လို့ အဆိုပါတာဝန်ခံက ဆက်ပြောပါတယ်။

“၂၆ ရက်နေ့ကတည်းက စစ်ကြောင်းအခြေအနေအရ လမ်းပိုင်းကို ရက်အကန့်အသတ်မရှိပိတ်တယ်။ ဒါပေမဲ့ တောင်ပေါ်သွားတဲ့ ကားသမားတွေက သူတို့အနေနဲ့လည်း ဆိပ်ဖြူ−ဆောလမ်းပိုင်းကို ပိတ်ထားရင် တောင်ပေါ်မှာ ခက်ခဲတာသိတယ်။ ဒါပေမဲ့ စစ်ကြောင်းရှိတော့ ကြားထဲကနေ ပြည်သူတွေ မြေဇာပင်ဖြစ်မှာ ဆိုးလို့ပါ။ စခ ကားမှန်း မသိ၊ အရပ်သားကားမှန်း မသိ ကျတော်တို့ ကာကွယ်ရေးအဖွဲ့တွေအတွက် အရမ်းဒုက္ခရောက်တယ်” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်နေ့က ဆိပ်ဖြူမြို့ အနောက်ပိုင်း ဆောနယ်စပ်ဘက်ကို ကင်းသွားလှည့်တဲ့ ဆိပ််ဖြူ ဘာမတီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦးထဲမှ ၁၀ ဦး ကျဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ထားပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။