စပါးရိတ်နေတဲ့ ပျူစောထီးတွေ မိုင်းဆွဲခံရလို့ ၂ဦးသေဆုံး

0 4
0 4

မုံရွာ၊ ဖေဖော်ဝါရီ ၂‌၆၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာက ပျူစောထီးတွေ စပါးရိတ်နေတုန်းမိုင်းဆွဲခံရလို့ ၂ဦးသေဆုံးခဲ့တယ်လို့ Brave Heart Army BHA အဖွဲ့ဆီက သိရပါတယ်။

ဖေဖေဝါရီ ၂၅ရက်မနက် ၁၀ နာရီဝန်းကျင်မှာ ပျူစောထီး ၁၀ဦးလောက် စပါးခင်းတွေနဲ့ ပဲခင်းတွေကို ရိတ်နေချိန်မှာ မိုင်း ၅လုံးခွဲပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Brave Heart Army BHA တာဝန်ခံ အမျိုးသမီးက ပြောပါတယ်။

“ပြည်သူတွေရဲ့ ယာခင်းတွေထဲက စပါး၊ကောက်ပဲသီးနှံတွေကို ရိတ်သိမ်းပြီးတော့ ယူနေကြတာ၊ အဲဒီလိုအချိန်မှာ မဟာမိတ်တွေစုပေါင်းပြီး မိုင်းခွဲတိုက်ခိုက်ခဲ့တာ၊ မိုင်း ၅ လုံးခွဲခဲ့တာ၊ သေဆုံးတာကတော့ ပျူ ၂ ကောင်ပါ” လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Brave Heart Army-BHA၊ Special Forces-11PDF ၊ ဗန္ဓုလနဲ့ အဖွဲ့သားများ၊ Monywa -Special ဒိတ်ဒိတ်ကြဲ အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်ကလည်း တောပုက ပျူစောထီးရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို Brave Heart Army-BHA အဖွဲ့လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့ပါသေးတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။