တိုက်ပွဲအတွင်း စစ်ကောင်စီဖွဲ့ဝင် ၁၅ ဦးသေဆုံးပြီး သုံ့ပန်း ၁၆ ဦးဖမ်းမိ
မန္တလေး၊ ဇူလိုင် ၂၁၊ ၂၀၂၅။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်တွေက စစ်ကောင်စီတပ်စခခန်း ၃ ခုတိုက်ခိုက်ခဲ့ရာ ၁၅ ဦးသေဆုံးကာ ၁၆ ဦးအရှင်ဖမ်းမိတယ်လို့ ဇူလိုင် ၂၁ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF က သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင် ၂၀ ရက်မှာ မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းနဲ့ ပုသိမ်ကြီးမြို့နယ်၊ သရက်ကိုင်းကျေးရွာ၊ မြကန်သာကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ခဲ့ရာမှာ စခန်းတွေကို သိမ်းယူနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။


တိုက်ပွဲအတွင်းမှာ ဗိုလ်ကြီးအဆင့်ရှိသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးအပါအဝင် သုံ့ပန်း ၁၆ ဦး ဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာများရရှိသူများပြားခဲ့တယ်လို့ ဆိုပါတယ်။


ဒါ့အပြင် ဒရုန်းဂျန်ဘာ ကား ၁ စီး၊ ဒရုန်းနဲ့ ဆက်စပ်ပစ္စည်းအများအပြား၊ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

