myaelatt athan

Sharing Information to the Local

Speaker Box အားသွင်းရာက မီလောင်မှုဖြစ်ပြီး အိမ် ၈ လုံးပျက်စီး

မန္တလေး၊ ဇူလိုင် ၂၀၊ ၂၀၂၅။

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ၃၆ လမ်း၊ ၇၁ လမ်းနဲ့ ၇၂ လမ်းကြားရှိ နေအိမ် ၁ အိမ်မှာ Bluetooth Speaker Box အားသွင်းထားရာမှ မီးလောင်မှုဖြစ်ပြီး နေအိမ် ၈ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ကူညီလုပ်ကိုင်ပေးခဲ့သူတွေဆီက သိရပါတယ်။

ဇူလိုင် ၁၉ ရက်ည ၈ နာရီခန့်က အိမ်ငှားနေထိုင်သူ အသက် ၃၉ အရွယ် အမျိုးသမီးဟာ နေအိမ်အပေါ်ထပ်မှာ Speaker Box ကို အားသွင်းထားရာက ဘတ္ထရီပွင့်ထွက်ပြီး မီးလောင်မှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။

“Bluetooth Speaker Boxက အပူလွန်ကဲပြီး ပေါက်ကွဲတော့ မီးစတွေက အနီးအနားက အဝတ်အထည်တွေပေါ်ကျပြီး မီးလောင်တာ။ လူတွေတော့ ထိခိုက်တာမရှိဘူး”လို့ မီးငြှိမ်းသတ်ရာမှာ ပါဝင်ကူညီပေးခဲ့သူတဦးက ပြောပါတယ်။

မီးလောင်တာကြောင့် နေအိမ် ၈ လုံးနဲ့ အိမ်တွင်းပစ္စည်းအချို့ မီးလောင်ပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

မန္တလေးတိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် မီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူတွေ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့တဲ့အတွက် မီးလောင်ပြီး ၁ နာရီခန့်အကြာမှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မီးစတင်လောင်ခဲ့တဲ့အိမ်က အိမ်ငှားအမျိုးသမီးကတော့ အမှတ် ၉ ရဲစခန်းမှာ မီးပေါ့ဆမှု ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်ခံထားရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၂၈ ရက်ကလည်း ချမ်းအေးသာစံမြို့နယ်ရှိ ကဥ္စဏမဟီရပ်ကွက်၊ ၇၇လမ်း၊ ၃၃ လမ်းနဲ့ ၃၄ လမ်းကြားရှိ Cow Boy Bar မှာ ဝရိန်ဆော်ရာက မီးလောင်မှုဖြစ်ကာ အမျိုးသမီး ၄ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။