မန္တလေးကနေ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဗန်းမော်ကို စစ်ကူသွားတဲ့ စစ်သ‌င်္ဘောတွေ တိုက်ခိုက်ခံရ

0 144
0 144

သပိတ်ကျင်း၊ ဇူလိုင် ၂၀၊ ၂၀၂၅။

မန္တလေးကနေ ဗန်းမော်မြို့ကိုဆန်တက်နေတဲ့ စစ်သင်္ဘောတွေ တိုက်ခိုက်ခံရပြီး ပျက်စီးမှုတွေရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ဇူလိုင် ၁၉ ရက် မနေ့ညနေပိုင်းမှာ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းက စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်အစပ်၊ မြစ်အနောက်ဘက် ခင်ဦးမြို့နယ်အစပ်တို့မှာ တိုက်ခိုက်ခံခဲ့ရတာလို့ သိရပါတယ်။

“စစ်သင်္ဘော ၁ စီးမြုပ်ပြီး ၃ စီးထိတယ်လို့ သိရတယ်။ တိုက်ပွဲလည်း ပစ်တယ်။ ပျက်တဲ့အစီးတွေကို တွဲ သင်္ဘောနဲ့ တွန်းတင်သွားတော့ ကိုယ့်ဘက်ကမရလိုက်ဘူး။ လေယာဉ်တွေကလည်း ၂ စီးတွဲတွေနဲ့ လာချနေတာ”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ရေမြုပ်မိုင်း၊ လက်နက်ကြီးတွေနဲ့ တော်လှန်ရေး တပ်တွေဘက်ကပစ်ခတ်ခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ကောင်တာ(တန်ပြန်)ပစ်ခတ်မှုတချို့ရှိခဲ့တယ်လို့ သိရပါတယ်။

ယခုလိုတိုက်ခိုက်ခံရတာကြောင့် စစ်သင်္ဘောတွေ ညမအိပ်ဘဲ မနေ့ညပိုင်းက ဆက်လက်ဆန်တက်သွားခဲ့ပြီး ည၁၁ နာရီ လောက်မှာ မလယ်ရွာအနီးရပ်နားခဲ့တယ်လို့ သိရပါတယ်။

လပခ(အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်)လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ် အရာရှိ ၁ ဦးကလည်း စစ်သင်္ဘောတွေ တိုက်ခိုက်ခံရတာ မှန်ကန်ကြောင်း ပြောပါတယ်။

အဆိုပါ စစ်သင်္ဘော ၁၂ စီးဟာ ဇူလိုင် ၁၇ ရက်မှာ လက်နက်ခဲယမ်းနဲ့ ဆေးဝါး၊ စစ်ကူတွေ ဗန်းမော်မြို့ကို သွားရောက်ပို့ဆောင်ဖို့ မန္တလေး ဂေါဝိန်ဆိပ်ကမ်းကနေ ဆန်တက်ခဲ့တာပါ။

သင်္ဘောတွေဆန်တက်ချိန်မှာ မြစ်ကမ်းဘေးကျေးရွာတွေကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာ ပြည်သူ၂၀ ကျော် သေဆုံးခဲ့ပါတယ်။

သတင်း – မြတ်

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။