myaelatt athan

Sharing Information to the Local

အရာတော်မှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးခဲ့ဟုဆို

0 4
0 4

အရာတော်၊ ဖေဖော်ဝါရီ ၂၄၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းတခုနဲ့ PDF တို့ ဖေဖော်ဝါရီ ၂၃ ရက်မနက် ၁၀ နာရီမှာ ထိပ်တိုက်တွေ့ဆုံပြီး တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မင်းရွာကြီးမြောက်ရွာထဲမှာ အင်အား ၁၅၀ ခန့်နဲ့ တပ်စွဲထားတဲ့ စစ်အုပ်စုစခန်းကို တိုက်ခိုက်ဖို့ရာ လမ်းကြောင်းရှာနေချိန် ရွာနဲ့ မီတာ ၅၀ ခန့်အကွာကို အရောက်မှာ အင်အား ၃၀ ခန့်ပါစစ်ကြောင်းတခုနဲ့ တွေ့ပြီး မိနစ် ၂၀ ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ PDF တောင်သာမှ တာဝန်ခံ ကိုဇင်ယော်က ပြောပါတယ်။

“တိုက်ပွဲအတွင်းမှာ ကျနော်တို့ မျက်မြင်ကတော့ စကစ ၇ ယောက် သေတယ်။ ဒရုန်းသမားပြောတာကတော့ ၁၀ ယောက် သေတယ်လို့ အတိအကျ ပြောလာတယ်။ အဲဒါမလို့ စကစ ၁၀ ယောက် သေတယ်လို့ အတည်ပြုနိုင်ခဲ့တာ။ စကစတွေက ကျနော်တို့ပစ်နေတာ မှန်နေတာကို အတင်းတက်နေကြတာ” လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က Mi-35 ရဟတ်ယာဥ် ၄ စီး ရောက်လာပြီး တိုက်ပွဲဖြစ်တဲ့ နေရာတွေကို ပစ်ခတ်မှု မလုပ်ခဲ့ဘဲ ကန်ရင်းကျေးရွာဘက်ကို ထွက်သွားကာ စစ်သည် အင်အား ၁၀၀ ကျော် ချပေးခဲ့တယ်လို့ ကိုဇင်ယော်က ပြောပါတယ်။

“ကျနော်တို့က အရင်ဆုံး ပစ်ခတ်လိုက်တယ်။ စကစဘက်က ၅ မိနစ်အကြာလောက် ပြန်မပစ်နိုင်ခဲ့ဘူး။ သူတို့က အလူးအလဲ ခံနေရတာ။ အဲဒီအချိန်မှာ နောက်ထပ်စစ်ကြောင်း တခုကို လှမ်းအကူအညီ တောင်းလိုက်တယ်။ နောက်စစ်ကြောင်း ၄၀ လောက်က ကိုယ့်အဖွဲ့ကို ဝိုင်းဖို့ လုပ်တာမြင်တော့ ချက်ချင်း ဆုတ်လာတာ” လို့ ဆိုပါတယ်။

ဒီတိုက်ပွဲကိုတော့ PDF တောင်သာနဲ့ စစ်ကိုင်းခရိုင်တပ်ရင်း ၇ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပြီး တိုက်ပွဲအပြီးမှာတော့ PDF ရဲဘော်တွေ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာလည်း စစ်အုပ်စုတပ်စွဲထားတဲ့ ကြွယ်ပုံရွာကို မဟာမိတ် အဖွဲ့တွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့ရာ တိုက်ခိုက်မှုအချိန် ကြာလာတာနဲ့အမျှ စကစဘက်မှ စစ်ကူထပ်လာတာက တကြောင်း၊ လက်နက်ခဲယမ်း လုံလောက်မှု မရှိတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။