myaelatt athan

Sharing Information to the Local

ဘုရားမီးထွန်းရာကနေ မီးလောင်လို့ နေအိမ် ၂၁ လုံးဆုံးရှုံး

0 4
0 4

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃၊ ၂၀၂၃။

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ စိမ်းစားပင်ကျေးရွာမှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ည‌နေ ၄ နာရီခွဲလောက်မှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီမီးလောင်မှုဟာ ကျေးရွာအတွင်း နေအိမ်တခုမှ ဘုရားဆီမီးပူဇော်ရာကနေ စတင် လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၂၁ လုံးမီးလောင်ဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။

“မီးစလောင်တဲ့အိမ်က အမျိုးသမီးက ဘုရားမီးပူဇော်တာကနေ ဖယောင်းတိုင်မီး က စလောင်တာလို့သိရတယ်။ လောင်တာက ၂၁ လုံး ၁၉ လုံးကပြာကျတယ်၊ ၂ လုံးက နည်းနည်းဘဲကျန်တယ်။ လူထိခိုက်မှုတော့မရှိဘူး” လို့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ဒေသ တွင်းလူမှုကူညီရေးအဖွဲ့ဝင်တဦးက မြေလတ်အသံကိုပြောပါတယ်။

မီးလောင်မှုကို Level-1 အဆင့်သတ်မှတ်ပြီး ၁ နာရီနီးပါးအကြာငြိမ်းသတ်ခဲ့ရကာ ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးကိုတော့ မသိရသေးဘူးလို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၀ ရက်ကလည်း နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ညဈေးအနီးမှာ ရပ်တန့်ထားတဲ့ဆိုင်ကယ်တစီး မီးလောင်မှုဖြစ်ပွားခဲ့သေးတယ်လို့သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။