myaelatt athan

Sharing Information to the Local

ခင်ဦးမြို့နယ်မီးဘေးသင့်အိမ်ထောင်စု ၅၀၀ နီးပါးအတွက် သိန်း ၅၀ တန်ဖိုးရှိ ကုန်စိမ်းများ ထောက်ပံ့ လှူဒါန်း

ရွှေဘို၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းက လောင်းရှည်၊ လက်ပံလှ မီးဘေးသင့် အိမ်ထောင်စု ၄၉၀ ကျော်အတွက်ခင်ဦး မြို့နယ် ပအဖ၊ ပကဖ တာဝန်ခံ အသီးသီးကစုပေါင်းပြီးမနေ့က ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ သိန်း (၅၀)ကျပ် တန်ဖိုးရှိတဲ့ ကုန်စိမ်များ ထောက်ပံ့ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်၊

“ခင်ဦး လောင်းရှည် ကျေးရွာ မီးဘေးသင့် အိမ်ခြေ (၃၁၀)နှင့်၊ လက်ပံလှကျေးရွာ မီးဘေးသင့် အိမ်ခြေ (၁၈၀)၊ စုစုပေါင်း မီးဘေးသင့် အိမ်ခြေ အိမ်ထောင်စု (၄၉၀) အတွက်အရေးပေါ် လိုအပ်နေတဲ့ စားနပ်ရိက္ခာ ထောက်ပံတဲ့ အစီအစဥ်အနေနဲ့ကျပ် သိန်း (၅၀)တန်ဖိုးရှိတဲ့ (ဆီ၊ဆား၊ပဲ၊ကြက်သွန်နီ၊မုံလာထုပ်၊ခရမ်းသီး၊ခရမ်းချဥ်သီး) ကုန်စိမ် ၇ မျိုးကို ထောက်ပံ့ပေးခဲ့တာ”လို့ မြို့နယ်အုပ်ချုပ်ရေး တာဝန်ခံတဦးကပြောပါတယ်။

အခုလို ထောက်ပံ့လှူဒါန်းမှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ MONREC မှ ရရှိတဲ့ အခွန်ခွဲတမ်းကနေ မြို့နယ် ပအဖ၊ ပကဖ စီမံခန့်ခွဲခွင့်ရှိတဲ့ ဘတ်ဂျက်နဲ့ ကူညီ ဆောင်ရွက်ခဲ့တာဖြစ်ပြီး ဒေသခံပြည်သူတွေဆီသွားရောက်ပြီး တိုက်ရိုက်လှူဒါန်းခဲ့တာလို့ သူကဆက်ပြောပါတယ်။

ခင်ဦးနယ်အတွင်းက မြို့နယ် ပအဖ ၊ မြို့နယ် ပကဖ တာဝန်ခံ၊ လူသားစာနာအဖွဲ့အစည်း၊ ပြည်သူ့ရင်ခွင်၊ သတင်းပြန်ကြားရေး ၊ တရားရေး၊ အခွန်အရာရှိ၊ ဘဏ္ဍာရေး ပ/ဒု တာဝန်ခံ၊ မြို့နယ် ပကဖ ရဲဘော်တွေနဲ့အတူ တိုက်နယ် ၁ ခေါင်းဆောင်အဖွဲ့၊ လောင်းရှည်/လက်ပံလှ ရပ်ကျေး ပအဖ/ ပကဖများ အားလုံး စုပေါင်းပြီး သွားရောက်ထောက်ပံလှူဒါန်းခဲ့ကြတာလို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။