ကျောက်ထုမှာ စစ်ကောင်စီစစ်ကြောင်း ၂ ရက်မိုင်းဆွဲခံရပြီး သေဆုံးမှုများဟုဆို

0 6
0 6

မကွေး၊ ဖေဖော်ဝါရီ ၁၉၊ ၂၀၂၃။

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုအမြှောက်တပ်ကထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကျောက်ထုမြို့နယ်အတွင်းမှာ ဒေသခံကာကွယ်ရေးတပ်တွေက ၂ ရက်မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေများခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၆ ရက်မနက်ပိုင်းက ကျောက်ထုနဲ့ ရွှေရောင်သာရွာလမ်းကြောမှာ ၂ ကြိမ်၊ ဖေဖော်ဝါရီလ ၁၈ ရက်မနေ့ကနေ့လည်ပိုင်းက မီအယ်ကျေးရွာတောင်ဘက်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ Kyaukhtu Regional People Defense Force တာဝန်ခံက ပြောပါတယ်။

“၁၆ ရက်နေ့က ကျောက်ထုအမြှောက်တပ်ထဲကထွက်လာတာ၊ ခလရ ၂၇၄ တပ်က စစ်ကား ၂ စီး ဖောကား ၁ စီးနဲ့ အင်အား ၁၀၈ ဦးပါတဲ့စစ်သားတွေကို ကျောက်ထုနဲ့ရွှေရောင်သာအကြား မနက် ၈ နာရီ ၅၃ မိနစ်မှာမိုင်းဆွဲခဲ့တယ်၊ ၂ နေရာမိုင်းဆွဲတိုက်ခိုက်တာမှာ*တွေဘက်က ၁၁ ယောက်လောက် သေတယ်” လို့ပြောပါတယ်။

အဲ့ဒီနေ့တိုက်ခိုက်ခံရတဲ့ တပ်သားတွေဟာ လယ်စောကျေးရွာမှာညအိပ်ပြီး ထီးလင်းဘက်က ပျူစောထီးစစ်ကြောင်းနဲ့တပ်ချိန်းကာ ကျောက်ထုဘက်ကိုပြန်လာချိန် ၁၈ ရက်နေ့လည် ၁၂ နာရီ ၄၁ မိနစ်လောက်ကစပြီး ဒုတိယအကြိမ် မိုင်း ၃ ကြိမ်ခွဲတိုက်ခိုက်ခံရတဲ့အပြင် လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒီစစ်ကြောင်းကိုတိုက်ခိုက်ချိန်မှာတော့ စစ်ကောင်စီဘက်က အင်အား ၁၇၀ ဝန်းကျင်ပါလာပြီး စစ်သား ၁၄ ဦးသေဆုံးခဲ့တယ်လို့ သိရကာ၊ ၂ ရက်တာတိုက်ခိုက်မှုအတွင်း စစ်သား ဆယ်ဂဏန်းကျော် သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးရဲဘော်တွေကခန့်မှန်းပေမယ့် အရေအတွက်အတိအကျကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီတိုက်ခိုက်မှုကို Kyaukhtu Regional People Defense Force နဲ့ ဂန့်ဂေါခရိုင် တပ်ရင်းအမှတ် (၈)/(၉)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်သားတွေထဲမှာ မင်းတပ်အခြေစိုက် ခလရ ၂၇၄ လည်းပါဝင်ပြီး၊ ကျောက်ထုအမြှောက်တပ်ထဲမှာတပ်စွဲနေကာ တိုက်ခိုက်ခံရပြီးနောက်မှာတော့ သူတို့တပ်စွဲရာ အမြှောက်တပ်ထဲကို ပြန်သွားကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၇ ရက်ကလည်း ကျောက်ထုမြို့နယ်၊ သရက်ချည်ကျေးရွာဘက်ကနေ ကျောက်ထုဘက်ကိုပြန်လာတဲ့ စစ်အုပ်စုကို Kyaukhtu Regional People Defense Forceအဖွဲ့က ငလွန်းကျေးရွာနဲ့ ကျောက်ထုမြို့အကြား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။