မြေလတ်အသံ၊ စက်တင်ဘာ ၂၆၊ ၂၀၂၃။
“မြေလတ်ဒေသတွင်းက ပြည်သူတွေရဲ့စကားသံတွေကို ကိုယ်စားပြုဖတ်ကြားပေးမယ့် ပေးစာအစီအစဉ်ဖြစ်ပါတယ်။”
မြေလတ်အသံ၊ စက်တင်ဘာ ၂၂၊ ၂၀၂၃။
မြေလတ်အသံ၊ စက်တင်ဘာ ၁၆၊ ၂၀၂၃။
မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် တော်လှန်ရေးခဲ့ကြသည့် နွေဦးတော်လှန်ရေး ခရီးအစမှသည် ယနေ့အထိ မြေလတ်အသံသတင်းဌာနသည် လူထုနှင့် တစိတ်တည်း တဝမ်းတည်းရှိနေဆဲဖြစ်သည်ဆိုတာကို ဦးစွာပြောလိုသည်။
စစ်တပ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန္ဒပြခဲ့ခြင်းမှသည် လက်နက်ကိုင်တော်လှန်ခဲ့ကြသည့် ပဲခူး၊ မကွေးနှင့် စစ်ကိုင်းစသည့် မြေလတ်ဒေသရှိ ပြည်သူလူထု၏ အာဏာရှင်စနစ်တော်လှန်ရေးကြီးကို မြေလတ်အသံသတင်းဌာနက အစဉ်အစိုက်စောင့်ကြည့်ကာ သတင်းများကို ပုံစံမျိုးစုံဖြင့် ရေးသားတင်ဆက်ပေးခဲ့သည်။
ယင်းသို့ ရေးသားတင်ဆက်ရာတွင်လည်း ကျွန်ု်ုတို့ မြေလတ်အသံသည် တိုင်းရင်းသားပြည်သူလူထု တရပ်လုံး လိုလားသည့် အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ်ပေါ်ထွန်းလာရေးဆိုသည့် ရည်ရွယ်ချက်ကို မသွေဖည်ဘဲ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် တရားမျှတမှုတို့ကို တန်ဖိုးထားလျက် မီဒီယာစံနှုန်းများ၊ မီဒီယာကျင့်ဝတ်များကို လက်ကိုင်ထားကာ ရေးသားဖော်ပြခဲ့သည်။
အထက်ပါ ရည်ရွယ်ချက်နှင့် စံနှုန်းတန်ဖိုးများကို လက်ကိုင်ထားသည့်အလျှောက် ဤနေရာတွင် အထူးပြုပြောလိုသည်မှာ ကျွနှ်ပ်တို့ မြေလတ်အသံသတင်းဌာနသည် လူပုဂ္ဂိုလ်တဦးတယောက်အတွက်၊ အဖွဲ့အစည်းတခု၊ ပါတီတခုအတွက် ရပ်တည်ရေးသာမည်မဟုတ်ဆိုသည့် အချက်ပင် ဖြစ်သည်။
ကျွန်ုပ်တို့သည် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးစံနှုန်းများကို တန်ဖိုးထား လေးစားလိုက်နာသည့်နည်းတူ လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်တော်လှန်ရေးကာလအတွင်း ပြည်သူလူထုအပေါ် ပြုကျင့်နေသော မည်သည့်အဖွဲ့အစည်းကလုပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုမျိုးကိုမဆို ကျွန်ု်ုတို့အနေဖြင့် ရေးသားဖော်ထုတ်သွားမည်ဆိုတာကို အတိအလင်းပြောကြားလိုပါသည်။
လက်ရှိတွင်လည်း ကျွနှ်ပ်တို့ မြေလတ်အသံသတင်းဌာနသည် အညာဒေသရှိ ပြည်သူလူထု၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ အာဏာရှင်တော်လှန်ရေး လက်နက်ကိုင်အချင်းချင်း လက်နက်အားကိုးဖြင့် ဗိုလ်ကျအနိုင်ကျင့်မှုများကို ဖော်ထုတ်ရေးသားလျက်ရှိသည်။
ဤသို့ ဖော်ထုတ်ရေးသားရာတွင် တော်လှန်ရေးကို ထိခိုက်နစ်နာစေနိုင်သည်ဆိုသည့်အချက်ကို ထောက်ရှုသည့်နည်းတူ တဖက်တွင်လည်း အမှန်တရားပေါ်ပေါက်ရေးမှာ ကျွနှ်ပ်တို့၏ တန်ဖိုးထားမှုတခုဖြစ်သည်။ ယင်းမှာလည်း အနာဂတ်တွင် ဖြစ်ထွန်းလာမည့် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် အာဏာရှင်ကို တော်လှန်ရင်း တည်ဆောက်နေခြင်းဖြစ်သည်ဟု ကျွနှ်ပ်တို့ မြေလတ်အသံသတင်းဌာနက မှတ်ယူသည်။
ထို့နည်းတူ ကျွနှ်ပ်တို့ မျှော်မှန်းသည့် အနာဂတ်ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် မည်သည့်အာဏာရှင်ပုံစံမျိုးကိုမှ မပေါ်ပေါက်စေရ၊ လူမျိုးကြီးဝါဒအစွဲကင်းသော တန်းတူညီမျှမှု၊ တရားမျှတမှု၊ လွတ်လပ်မှုနှင့်အတူ ကိုယ်တိုင်ပြဌာန်းခွင့်ကိုလည်း အာမခံချက်အပြည့်ပေးရမည့် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဟု ကျွနှ်ပ်တို့က ယုံကြည်ထားသည်။
ထို့ကြောင့် ကျွနှ်ပ်တို့ မြေလတ်အသံသတင်းဌာနက တော်လှန်ရေးကြီးတွင် ပြည်သူနှင့် တစိတ်တည်း၊ တဝမ်းတည်းရှိသလို လူ့အခွင့်အရေးချိုးဖောက်မှု၊ တရားမျှတမှုအတွက် အမှန်တရားဘက်မှာသာ ရပ်တည်မည်ဖြစ်ကြောင်း အလေးအနက် ထပ်လောင်းပြောကြားလိုသည်။
မြေလတ်အသံ၊ စက်တင်ဘာ ၁၅၊ ၂၀၂၃။
မြေလတ်အသံ၊ စက်တင်ဘာ ၈၊ ၂၀၂၃။
မြေလတ်အသံ၊ စက်တင်ဘာ ၁၊၂၀၂၃။
မြေလတ်အသံ၊ သြဂုတ် ၂၅၊၂၀၂၃။
မြေလတ်အသံ၊ သြဂုတ် ၁၈၊ ၂၀၂၃။
မြေလတ်အသံ၊ ဩဂုတ် ၁၇၊ ၂၀၂၃။
နွေဦးတော်လှန်ရေးသည် တဦးတယောက်၊ တပါတီ၊ အဖွဲ့အစည်းတခုအတွက် လုပ်နေကြခြင်း မဟုတ်ပေ။ နှစ်ပေါင်းကြာရှည် အမြစ်တွယ်နေသည့် အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရန် ရုန်းကန်တော်လှန်နေကြသည့် တော်လှန်ရေးတခုဖြစ်၏။
အာဏာရှင်စနစ်ကို အမြစ်ဖြတ်ပြီး လွတ်လပ်တရားမျှတသည့် ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို ထူထောင်နိုင်ရန် အသက်များစွာရင်းနှီးကာ တော်လှန်နေကြသည့် အာဏာရှင်အဆုံးသတ် တော်လှန်ရေးတခုဖြစ်သည်ဆိုတာ ပြည်သူများသိထားပြီး ဖြစ်သည်။
တော်လှန်ရေးကာလ ၂ နှစ်ကျော် ကြာလာသည့်အချိန်အထိ အာဏာသိမ်းစစ်တပ်ဟာ တိုင်းပြည်ကို မအုပ်ချုပ်နိုင်ခြင်းသည် နွေဦးတော်လှန်ရေးကြီး၏ ထင်သာမြင်သာရှိသည့် လတ်တလောအောင်မြင်မှု ဖြစ်သည်။ စစ်အာဏာရှင်ကို တော်လှန်နေကြသည့် လက်နက်ကိုင်အင်အားစုများ အားကောင်းမောင်းသန်နှင့် တိုင်းပြည်အနှံ့ ရှိနေခြင်းကလည်း တော်လှန်ရေးအောင်မြင်မှု၏ သက်သေတခုဟု ဆိုရမည်။
လက်နက်ကိုင်တော်လှန်ရေး ကာလတလျှောက်လုံး၌ စစ်ကောင်စီဘက်မှ စစ်ရေးဗျူဟာများ ပြောင်းခဲ့သည်။ စစ်ဗိုလ်ချုပ်များ တယောက်ပြီးတယောက် အကြိမ်ကြိမ်ပြောင်းလဲခဲ့သည်။ ယခုအခါ ဗျူဟာလည်းစုံ၊ လူလည်း ကုန်သလောက်ရှိပြီဟု ဆိုရတော့မည်။ ထို့ကြောင့် ပြည်သူလူထုအပါအဝင် စစ်အာဏာရှင်တော်လှန်ရေး အင်အားစုများအနေဖြင့် တော်လှန်ရေးပန်းတိုင်ကို ဆွတ်လှမ်းနိုင်ရန်မှာ နောက်တဆင့် အားသွန်ခွန်စိုက်ပြုကြဖို့သာ လိုတော့သည်။
ဤနေရာတွင် မြေလတ်အသံအနေဖြင့် သတိပြုမိသည့်အရာက တော်လှန်ရေးကာလ ၂ နှစ်ကျော်ကြာလာသည့်အခါ အားကောင်းမောင်းသန်ဖြစ်လာသော လက်နက်ကိုင် တော်လှန်ရေးအင်အားစုများ အများအပြာရှိသလို ပူးပေါင်းလိုက်ရသော၊ ရပ်နားလိုက်ရသော လက်နက်ကိုင်အဖွဲ့အစည်းအချို့ကိုလည်း တွေ့မြင်ရသည်။
ထို့နည်းတူ တော်လှန်ရေးကာလကြာမြင့်လာသည့်အခါ စစ်အာဏာရှင်ကို တော်လှန်နေကြသူများကြားတွင်လည်း အချို့မှာ ကိုယ့်အဖွဲ့အစည်းကို ခိုင်မာစွာ ရပ်တည်နိုင်ရန် ပိုမိုအားစိုက်မိခြင်း၊ ငါ့အဖွဲ့အစည်း၊ သူ့အဖွဲ့စည်းဆိုပြီး ခွဲခြားကြည့်မြင်လာခြင်း၊ ပါတီ၏ ရပ်တည်ချက်အပေါ် လက်ကိုင်ပြုလိုခြင်း၊ ယင်းထက် အသေးစိတ် ထပ်ပြောရမည်ဆိုလျှင် ကိုယ့်နေရာ၊ ကိုယ့်အကျိုးစီးပွားအတွက် ပိုပြီးအားပြုချင်သည့် သဘောထားအချို့ကို တွေ့မြင်လာရသည်။
ယခုဩဂုတ်လအတွင်း အညာဒေသတွင်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အချို့သည် ဤအထိုင်ပေါ်က စဉ်းစားလုပ်ကိုင်ခဲ့ကြခြင်းအတွက် ဖြစ်လာသည့်ဘေးထွက်ရလဒ်များဖြစ်သည်။ ယင်းကဲ့သို့သော ဖြစ်စဉ်များသည် အဖွဲ့အစည်းတိုင်းတွင် ကြုံတွေ့ရလေ့ရှိသည့် သဘောသဘာဝဟု မြေလတ်အသံက ယုံကြည်ရှုမြင်သည်။
သို့သော် ဤနေရာတွင် အထူးသတိပြုရမည့်အချက်မှာ နွေဦးတော်လှန်ရေးကြီး၏ မူလအရင်းခံ ရည်ရွယ်ချက်ဖြစ်သည့် စစ်အာဏာရှင်တော်လှန်ရေးကို မမှိတ်မသုန်လက်ကိုင်ထားပြီး ဆက်လက်တိုင်ပွဲဝင်ကြ ဖို့သာဖြစ်သည်။ မည်သို့ပင် ကွဲပြားမှုများရှိသည်ဖြစ်စေ၊ မည်သို့ပင် ခွဲခြားမှုများ ရှိသည်ဖြစ်စေ တော်လှန်ရေးကြီးဆိုသည့် အရိုးကို အရွက်ဖုံးစေမည့်အဖြစ်မျိုး မကြုံရလေအောင် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုက အထူးသတိပြုပြီး ဆက်လက်တိုက် ပွဲဝင်ကြဖို့ ဖြစ်သည်။
ဤတော်လှန်ရေးကြီးသည် လက်နက်ကိုင်အင်အားစုများနှင့် ပြည်သူလူထုကသာ အဆုံးအဖြတ်ပေးမည့် အဆုံးသတ်တော်လှန်ရေးကြီး ဖြစ်သည်။
လက်ရှိတွင် တော်လှန်ရေးပန်းတိုင်သည် လက်တကမ်းသာလိုတော့သည်။ ယင်းအခြေအနေတွင် တော်လှန်ရေးအင်အားစုများသည် ညီညီညွတ်ညွတ်ဖြင့် ဆက်လက်တော်လှန်ကြရမည်ဖြစ်သလို ပြည်သူလူထုတရပ်လုံးကလည်း အားသွန်ခွန်စိုက် ကူညီထောက်ပံ့ရင်း တော်လှန်ရေးအောင်ပန်းကို ဆွတ်လှမ်းကြပါစို့ဟု ကျွနှ်ပ်တို့ မြေလတ်အသံက ထပ်လောင်း နှိုးဆော်တိုက်တွန်း လိုက်ရပါသည်။
မြေလတ်အသံ၊ သြဂုတ် ၁၁၊၂၀၂၃။