myaelatt athan

Sharing Information to the Local

အွန်လိုင်းပေါ်က တော်လှန်ရေး ဗန်းပြ အုပ်စုလိုက် လိမ်လည်မှု (ဆောင်းပါး) (အပိုင်း ၂)

0
0

မြေလတ်အသံ၊ ဖေဖော်ဝါရီ ၁၀၊ ၂၀၂၂။

အမှန်တကယ်တွင် Burma Army ဟု နာမည်ပေးကာ လိမ်လည်နေသည့် အဖွဲ့ဝင် အကောင့်တုများအနက် တစ်ခုမှာ အာဏာသိမ်း ဖြစ်စဉ် မတိုင်ခင်ကတည်းက အွန်လိုင်းပေါ်တွင် သတင်းမှားများဖြန့်ကာ နာမည်ကြီးခဲ့ဖူးသည့် Facebook အကောင့်တု တစ်ခုဖြစ်သည်။

နာမည်မှာ ဇေယျာလင်း ဖြစ်သည်။ ကိုဗစ်ရောဂါ ပြင်းထန်နေချိန်တွင် Facebook Myanmar Team မှ ဝန်ထမ်းတစ်ဦးဟု လိမ်လည်ကာ ဒီမိုကရက်တစ်မြန်မာ့အသံ DVB သတင်းဌာနကို အင်တာဗျူး ဖြေခဲ့သူ အွန်လိုင်း လူလိမ်ဖြစ်သည်။ အမျိုးသမီးငယ်များ သည်းသည်းလှုပ်ခဲ့သည့် Burma Army မှ ခေါင်းဆောင်ဟု ၎င်းတို့ဘာသာ သတ်မှတ်ထားသူ Zayar Lynn နှင့် အတူတူပင်ဖြစ်သည်။

၂၀၂၀ ဧပြီလအတွင်း Facebook Myanmar Team မှ မြန်မာဝန်ထမ်းတချို့ ကိုရိုနာဗိုင်းရပ်ကူးစက်၍ သေဆုံးမှုများရှိနေသည် ဟုဆိုသည့် သတင်းမှားများကို သင်္ကြန်ရုံးပိတ်ရက်ကာလတွင် ဖြန့်ဝေခဲ့သည်။ ယင်းသတင်းမှားကို Facebook ပေါ်မှ Click Bait Page အတုများ၊ ငွေလိမ်သည့် Group များက ဆင့်ပွားဖြန့်ဖြူးခဲ့သည်။

ထို့နောက် အကောင့်တု အများအပြားဖန်တီးကာ Facebook Myanmar Team မှ ဝန်ထမ်းများအဖြစ် အယောင်ဆောင်ခဲ့ကြပြီး အွန်လိုင်းပေါ်တွင် လူအများကို လိမ်လည်ခဲ့ကြသည်။ ထိုကဲ့သို့ အယောင်ဆောင်မှုများနှင့်ပတ်သက်ပြီး Facebook အနေဖြင့် မီဒီယာများမှ တစ်ဆင့် ရှင်းလင်းခဲ့ရပြီး အဆိုပါအယောင်ဆောင် အကောင့်တုများကို ၎င်းတို့၏ ပလက်ဖောင်းပေါ်မှ ဖြုတ်ချဖယ်ရှားခဲ့သည်။

ဖယ်ရှားခံရသည့် အကောင့်များတွင် ဇေယျာလင်း၏ အကောင့်လည်းပါဝင်သည်။ သန်လျင်နည်းပညာ တက္ကသိုလ်ကျောင်းဆင်း၊ နေရပ်လိပ်စာ ဟင်္သာတ ပေးထားပြီး၊ အလုပ်အကိုင်မှာ Facebook မှ နည်းပညာထိန်းချုပ်သူ ဟုရေးထားခဲ့သည်။ ယခု အသစ်ဖွင့်ထားသည့်အကောင့်အတွင် အထက်ပါ အချက်အလက်များအတိုင်း အလုပ်အကိုင်၊ နေရာနှင့်အတူ Burma Army ဟု ပြောင်းလဲထားသည်ကို တွေ့ရသည်။

အဆိုပါ Facebook Myanmar Team အဖြစ် အယောင်ဆောင်ခဲ့သည့် အကောင့်တုများသည် ယခုအခါ Burma Army တပ်ဖွဲ့ဝင်အကောင့်များအဖြစ် အယောင်ဆောင် လိမ်လည် နေကြခြင်းဖြစ်သည်။ Facebook Myanmar Team အယောင်ဆောင်ခဲ့သည့် Burma Army တစ်ဖြစ်လည်း အယောင်ဆောင်ထားသည့် ဇေယျာလင်း အ‌ကောင့် ၃ ခုထက်မနည်း ဖွင့်လှစ်ထားသည်ကို ပြုလုပ်နေသည်ကိုတွေ့ရသည်။

အကောင့်တုများ၏ လက္ခဏာများ

လူလိမ် အများစုမှာ ဆရာဝန်၊ နည်းပညာတက္ကသိုလ်ကျောင်းသား၊ ရေကြောင်းတက္ကသိုလ်ကျောင်းသား၊ လေယာဉ်မှူး၊ လေယာဉ်မယ်အယောင်ဆောင်ထားသည်။ (အောက်တွင် စာရင်းရှိပါသည်) အများစုမှာ အထက်ပါ Burma Army အဖွဲ့ မပေါ်ခင်၊ အာဏာမသိမ်းခင်ကတည်းက Facebook ပေါ်ရှိကြသည့် အကောင့်တုများ ဖြစ်သည်။

ယင်းအနက် နည်းပညာတက္ကသိုလ်မှ ကျောင်းဝတ်စုံဖြင့် အမျိုးသမီးငယ်များ၏ ဓာတ်ပုံများကို အသုံးပြုထားသည့် အကောင့်တုပေါင်း မြောက်များစွာတွေ့ရသည်။

လူလိမ်များနှင့် ဆက်စပ်နေသည့် Account တုများ စာရင်း

  1. https://archive.fo/mmzTk
  2. https://archive.fo/FU7bw
  3. https://archive.fo/aagLO
  4. https://archive.fo/8YqRM
  5. https://archive.fo/qsRc5
  6. https://archive.fo/oYZkp
  7. https://archive.fo/gSxPa
  8. https://archive.fo/Gc7ql
  9. https://archive.fo/FbSkT
  10. https://archive.fo/qoYI2
  11. https://archive.fo/3TDlL
  12. https://archive.fo/jer98
  13. https://archive.fo/IPFyx
  14. https://archive.fo/l94Ux
  15. https://archive.fo/YFfUU
  16. https://archive.fo/bDtiB
  17. https://archive.fo/Dl7Jl
  18. https://archive.fo/diEPo
  19. https://archive.fo/scD3s
  20. https://archive.fo/ZSxt0
  21. https://archive.fo/Dnb6J
  22. https://archive.fo/PmCXM
  23. https://archive.fo/4gCbQ
  24. https://archive.fo/VMuKO
  25. https://archive.fo/wNb0g
  26. https://archive.fo/Yu9li
  27. https://archive.fo/qdNL2
  28. https://archive.fo/PZBY1
  29. https://archive.fo/Q2gZI
  30. https://archive.fo/f39gm
  31. https://archive.fo/h9thK
  32. https://archive.fo/jkB54
  33. https://archive.fo/L5Vxv
  34. https://archive.fo/PuSaQ
  35. https://archive.fo/TejlD
  36. https://archive.fo/wIXYm

အကောင့်တုများနှင့် ဆက်စပ်နေသည့် အပြင်တွင် အမှန်တကယ်ရှိသည့် လူနှစ်ဦး ရှိသည်။ အကောင့်တစ်ခုမှာ Hay Mar Kyaw ဖြစ်ပြီး အခြားတစ်ဦးမှာ Hein Thu Htet ဖြစ်သည်။ ဟိန်းသူထက်မှာ ဧရာဝတီတိုင်း၊ ဟင်္သတမြို့၊ နတ်မှော်တိုက်နယ်မှဟု Myanmar Sentiment က စုံစမ်းသိရှိထားသည်။ ၎င်းတွင် အကောင့်တုပေါင်း များစွာရှိပြီး အထက်ပါ Burma Army လူလိမ်များအပြင် အခြား ဆက်စပ်နေသည့် လူလိမ်အကောင့်များအးလုံးနီးပါးနှင့် Friend ဖြစ်နေသည်ကိုလည်း တွေ့ရသည်။

Hay Mar Kyaw ဟူသည့်အကောင့်သည် Burma Army မှ လူလိမ်များအားလုံးနှင့် Friend ဖြစ်သည်။ ထို့ပြင် ကွန်မင့်များတွင် လူလိမ်များနှင့် ၎င်းတို့အချင်းချင်း အပြန်အလှန်ပြောဆိုထားသည်များကိုလည်း တွေ့ရသေးသည်။ Burma Army က Facebook Page စတင်ဖွင့်လှစ်သည့် အောက်တိုဘာ ၂၂ ရက်က Hay Mar Kyaw ၏ အကောင့်တွင် My love Army (Burma) ဟု ရေးတင်ခဲ့သည်။

Hay Mar Kyaw မှာ ရန်ကုန်မြို့ သာကေတရှိ Waterboom တွင် အလုပ်လုပ်သည်ဟု ၎င်း၏ Facebook ပေါ်တွင် ရေးသားထားချက်များအရ တွေ့ရသည်။ Waterboom သို့ ဖုန်းဆက်မေးမြန်းရာတွင် Hay Mar Kyaw ဟူသည်နာမည်နှင့် အလုပ်လုပ်နေသလားဆိုသည်ကို ပြန်လည်ဖြေကြားခြင်း မရှိပေ။ ထို့ပြင် Hay Mar Kyaw မှာ Wifi စက်များကိုလည်း ၎င်း၏ အကောင့်တွေ တင်ရောင်းနေသည်ကိုလည်း တွေ့ရပြီး ဝယ်လိုပါက Messenger မှတစ်ဆင့်ဝယ်ရန် ပြောထားသည်။

နာမည်အမျိုးမျိုးနှင့် Page အတုများ

လူလိမ်အကောင့်များတွင် Thu Yein Min ဆိုသည့် အကောင့်အသည် အဓိကကျသည့် အကောင့်ဖြစ်သည်။ သူသည် Burmese Army Soldier ဆိုသည့် Facebook Private Group ၂၀၂၁ အောက်တိုဘာတွင် ဖွဲ့စည်းကာ Burma Army ဆိုသည့် အဖွဲ့အတုကို ဖွဲ့စည်းရန် စတင်ကြိုးပမ်းခဲ့ကြောင်းတွေ့ရသည်။

အဆိုပါ Facebook Group တွင် အကောင့် ပေါင်း ၅၉ ခုအထိရှိပြီး Admin အဖြစ် Thu Yein Min နှင့် Kyaw Htet Hein တို့က Admin အဖြစ်ရှိနေသည်။ လူလိမ်များအားလုံးကို တစ်စုတစ်ဝေးတည်း တွေ့ရသည့် နေရာမှာ Meec Team ဖြစ်သည်။ PUBG ဂိမ်းကို Stream လုပ်သူများ စုပေါင်းဖွဲ့ထားသည့် Page တစ်ခုဖြစ်သည်။

ထို့ပြင် Burma Army အဖွဲ့အဖြစ်အယောင်ဆောင်ထားသည့် အကောင့်တုများသည် OK Mobile Service Trade၊ မင်းအတွက် အမည်မဲ့ဟစ်တိုင်၊ Technology Team၊ People’s Defense Force – ဟင်္သာတ၊ ရန်ကြီးအောင် တပ်နှင့် People’s Defense Force – ဟင်္သာတ စာမျက်နှာများကိုလည်း တစ်စုတစ်တစ်ဝေးတည်း Like လုပ်ထားသည်ကို တွေ့ရသည်။

လူလိမ်များနှင့် ဆက်စပ်နေသည့် Page အတုများ

https://archive.fo/8YU6K
https://archive.fo/j0DOx
https://archive.fo/0Dhtl
https://archive.fo/2Q5im
https://archive.fo/iNJw7
https://archive.fo/r1rmD
https://archive.fo/I0KB5

PDF အယောင်ဆောင် လိမ်လည်နေသည့် အဖွဲ့အကြောင်း Myanmar Sentiment က ဖော်ထုတ်တင်ပြမည်ဟုကြေညာပြီးနောက် ၎င်းတို့အနေဖြင့် Page များကို Unpublished လုပ်ခြင်း အကောင့်များကို ခတ္တဖျက်ထားခြင်း (Deactivate) လုပ်ခြင်းများပြုလုပ်ခဲ့သည်။ သို့သော်လည်း Myanmar Sentiment အနေဖြင့် ၎င်းတို့ သက်သေများ အစ မဖျောက်နိုင်ခင်မှာပင် Web Archive ပြုလုပ်ကာ သိမ်းဆည်းနိုင်ခဲ့သည်။

အကြံပြုချက်

သန်လျင် နည်းပညာ တက္ကသိုလ်နှင့် ဟင်္သတမှ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအနေနှင့် မိမိတို့၏ ဓာတ်ပုံများကို အသုံးပြု၍ အကောင့်တု ဖွင့်လှစ်ထားသည်များကို ဂရုပြုကြရန် အကြံပြုသည်။

ထို့ပြင် ယခုဖော်ပြထားသည့်စာရင်းတွင် ပါဝင်နေသည့် Wifi စက်များ ရောင်းနေသည့် လူပုဂ္ဂိုလ်များ၊ ဆရာဝန် အယောင်ဆောင်ထားသူ အကောင့်တုများ၊ လေယာဉ်မယ်၊ အယောင်ဆောင်ထားသည့် အကောင့်တုများ၊ ဗီယက်နမ်နိုင်ငံသားများ၏ ဓာတ်ပုံများဖြင့် အကောင့်တုများကို မိမိ Friend List အတွင်း​ရှိ မရှိ စစ်ဆေးပြီး ဂရုပြုကြရန် အကြံပြုသည်။ မိမိတို့ Friend List အတွင်း အပြင်တွင် လူချင်းမသိဘဲ လက်ခံထားမိသူများ၊ Like/Follow လုပ်ထားသည့် Page များ၊ မသိဘဲ ဝင်ထားသည့် Group များကိုလည်း စစ်ဆေးကြရန် အကြံပြုသည်။

မြတ်ကျော်သူ သည် MYANMAR SENTIMENT ၏ အယ်ဒီတာ တစ်ဦးဖြစ်ပြီး နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ သတင်း၊ ဆောင်းပါးများနှင့် အချက်အလက်စစ်ဆေးခြင်းဆိုင်ရာများကို အဓိက ဦးစားပေးရေးသားသူ သတင်းသမား ဖြစ်သည်။

ယခုဆောင်းပါးကို သတင်းထောက် မင်းထက်နိုင်က ကူညီရေးသားသည်။ ယခုဆောင်းပါးကို MYANMAR SENTIMENT က ရေးသားဖော်ထုတ်ထားပြီး မြေလတ်အသံ က ထပ်မံဖော်ပြခြင်းဖြစ်သည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။