myaelatt athan

Sharing Information to the Local

စစ်ခေါင်းဆောင်က သတ်မှတ်သွင်းကုန်အခွန်ရာခိုင်နှုန်းကို လျှော့ချပေးဖို့ ဒေါ်နယ်ထရန့်ထံ တောင်းဆို

0 52
0 52

ဒေါ်နယ်ထရန့်လို မဲမသမာမှုတွေနဲ့ ကြုံခဲ့ရလို့ အာဏာသိမ်းရကြောင်းရှင်းပြထားပြီး ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးဖို့ပြော

မြေလတ်အသံ၊ ဇူလိုင် ၁၀ ရက်၊ ၂၀၂၅။

မြန်မာနိုင်ငံသွင်းကုန်တွေအပေါ်အခွန် ၄၀ ရာခိုင်နှုန်းကောက်ခံမှုနဲ့ပတ်သက်ပြီး စာပေးပို့အကြောင်းကြားလာတဲ့အပေါ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ထံစာပြန်ပေးပို့ခဲ့ကြောင်း ဇူလိုင် ၁၀ ရက် ဒီကနေ့ညပိုင်းမှာ စစ်ကောင်စီထိန်းချုပ် မီဒီယာတွေက တဆင့် ထုတ်ပြန်လာပါတယ်။

စစ်ခေါင်းဆောင်က မြန်မာပို့ကုန်များအပေါ် ၄၄ ရာခိုင်နှုန်းကောက်ခံဖို့ မူလလျာထားချက်ကနေ ၄၀ ရာခိုင်နှုန်း ပြင်ဆင်လျာထားပေးတဲ့အတွက်ကျေးဇူးတင်ကြောင်း၊ ကနဦးအနေနဲ့ မြန်မာနဲ့အမေရိကန် အကြားဘက်ညီမျှတဲ့ ကုန်သွယ်မှုဖော်ဆောင်နိုင်ရေးအတွက်ဆိုကာ မြန်မာမှ အမေရိကန်သို့ ပို့ကုန်တွေ အပေါ် အခွန် ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းနဲ့ အမေရိကန်မှ မြန်မာသို့ ပို့ကုန်တွေအပေါ် ( ၀ ) ရာခိုင် နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ ကောက်ခံပေးဖို့ ညှိနှိုင်းလိုပြီး လိုအပ်ရင် ကိုယ်စားလှယ်အဖွဲ့စေလွှတ် ညှိနှိုင်းလိုတယ်လို့ ရေးသားထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံး(LDC) နိုင်ငံတနိုင်ငံဖြစ်တဲ့အပြင် ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ကိုဗစ် ၁၉ ကပ်ရောဂါ၊ မုန်တိုင်း၊ ရေကြီးရေလျှံမှု၊ ငလျင်လှုပ်ခတ်မှုစတဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့ ခဲ့ရတယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

ဒါ့အပြင် ၂၀၂၀ အမေရိကန်နိုင်ငံရွေးကောက်ပွဲမှာ သမ္မတကြီး ဒေါ်နယ်ထရန့်ကြုံတွေ့ခဲ့ရသလို မြန်မာနိုင် ငံ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း မဲမသမာမှုတွေကြုံတွေ့ခဲ့ရပြီး ၎င်းတို့အနေနဲ့ ရွေးကောက်ပွဲကော်မရှင်ကို ဖြေရှင်းပေးဖို့ တောင်းဆိုပေမယ့် ဖြေရှင်းပေးခဲ့ခြင်းမရှိတာကြောင့် နိုင်ငံတော်တာဝန်ကို ရယူခဲ့ရတယ်လို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။

အမေရိကန်အနေနဲ့ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေချမှတ်ထားခဲ့ပြီး အဆိုပါပိတ်ဆို့မှုတွေကို ပြည်သူတွေရဲ့အကျိုးစီးပွားကို ရှေးရှုပြီး ဖြေလျော့ရုတ်သိမ်းပေးဖို့လည်း စစ်ခေါင်းဆောင်က ထည့်သွင်းတောင်းဆိုထားပြီး စစ်ကောင်စီက ၎င်းတို့အနေနဲ့ အမေရိကန်အပါအဝင် ကမ္ဘာ့ဘယ်နိုင်ငံကိုမှ အနှောက်အယှက်မပေးခဲ့ဘူးလို့ ဆိုပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။