ရေစကြိုမှာ စစ်ကောင်စီတပ်တွေ လက်နက်ကြီးနဲ့ပစ်ခတ်ခံရ

0 2
0 2

ခန့်အောင်၊ ဒိန်းဂျား

မကွေး၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၂၃။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ကကျေးရွာတရွာမှာ တပ်စွဲထားတဲ့စစ်အုပ်စုကို ဖေဖော်ဝါရီလ ၁၂ ရက်မနက် ၁ နာရီခွဲလောက်မှာ တိုက်ခိုက်ခဲ့လို့ စစ်သား ၂ ဦးပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ Myingyan Black Tiger − MBT အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ရေစကြိုမြို့နယ်၊ ဆင်မရဲကျေးရွာ၊ အ.ထ.က(ခွဲ)ကျောင်းထဲက စစ်အုပ်စုအင်အား ၇၀ ကျော်ကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“နာရီဝက်လောက်တိုက်ခိုက်ခဲ့တာပါ။ အဝေးပစ်ပုခုံးထမ်းလောင်ချာတွေ၊ ရှေ့ထွက် အဝေးပစ်လောင်ချာတွေ အားပြုတိုက်ခိုက်ခဲ့ပါတယ်။ နှစ်ဦးကတော့ အပြင်းအထန်ဒဏ်ရာရသွားလို့ ပခုက္ကူဆေးရုံကိုပို့ထားပြီး သေပြီလို့လည်းသတင်းရပါတယ်” လို့ MBT အဖွဲ့တာဝန်ရှိသူ ဗိုလ်မိုက်ခဲက ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိနိုင်တယ်လို့ သိရပေမယ့် မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

တိုက်ခိုက်မှုအပြီးမှာတော့ စစ်ကောင်စီတပ်တွေက ဆင်းမရဲရွာသူရွာသားတွေကို အပြင်ထွက်ခွင့်မပေးပဲ ရိုက်နှက်မှုတွေလုပ်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို Myingyan Black Tiger (MBT)နဲ့အတူ ညီနောင်မဟာမိတ်များဖြစ်တဲ့ ခွပ်ဒေါင်းနီ ပြောက်ကြားတပ်၊ The Volue Of Youngmen၊ VOMDY-Front Warrior၊NY LOCAL PDF၊ မုံရွာခရိုင်၊ မုံရွာခရိုင်၊ တပ်ရင်း (၁၂) တပ်ခွဲ (၄) မီးတောက်တပ်ခွဲတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အခုနှစ်ဇန်နဝါရီလ ၂၇ ရက်မနက်ကလည်း သူတို့အဖွဲ့ဟာ ရေစကြိုမြို့ အမှတ် ၂ စည်ပင်သာယာရပ်ကွက်၊ နေရှင်နယ် လက်ဖက်ရည်ဆိုင်မှာ အစည်းဝေးလုပ်နေတဲ့စစ်အုပ်စုကို လက်နက်ငယ်နဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။