ချောက်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးကို PDF က အသိပေးဖောက်ခွဲ

0 2
0 2

မကွေး၊ ဖေဖော်ဝါရီ ၁၀၊ ၂၀၂၃။

မကွေးတိုင်း၊ ချောက်မြို့နယ်၊ အမှတ် – ၃ နယ်မြေအတွင်းရှိ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ဖေဖော်ဝါရီလ ၈ ရက်ညက ရွေးကောက်ပွဲ မကျင်းပနိုင်ဖို့ ရည်ရွယ်ပြီး အသိပေး ဖောက်ခွဲဖျက်ဆီးမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ‌‌

ည ၉ နာရီ ၁၅ မိနစ်မှာ မိုင်း ၃ လုံးသုံး ဖောက်ခွဲခဲ့တာဖြစ်ပြီး၊ လူထိခိုက်မှုတွေမရှိခဲ့ပဲ အဆောက်အဦးကတော့ အနည်းငယ် ထိခိုက်သွားတယ်လို့ ချောက်မြို့နယ် ပြောက်ကျားတပ်ဖွဲ့ (C.G.F) ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“စစ်ကောင်စီက ထပ်ပြီးကျင်းပဖို့ မလိုတဲ့ ရွေးကောက်ပွဲကို ပြည်သူလူထုတရပ်လုံး တခဲနက် ဆန့်ကျင်ကန့်ကွက်နေတဲ့ ကြားက မရမက ဇွတ်အတင်း ရွေးကောက်ပွဲကျင်းပဖို့ ပြုလုပ်နေတာကြောင့် သတိပေးတဲ့အနေနဲ့ ဖောက်ခွဲဖျက်ဆီးတာဖြစ်ပြီး နောက်နောင်မှာလည်း ရွေးကောက်ပွဲကျင်းပဖို့ ပြုလုပ်အားထုတ်တဲ့၊ ပူးပေါင်းဆောင်ရွက်နေတဲ့ ဘယ်သူ့ကိုမဆို သုတ်သင်ရှင်းလင်းသွားမယ်လို့ သတိပေးလိုက်တာ” လို့ ပြောပါတယ်။

တိုက်ပွဲဝင်တွေရဲ့ လုံခြုံရေးကြောင့် ဖေဖော်ဝါရီလ ၉ ရက်မနေ့ကမှ ဖြစ်စဉ်ကို ထုတ်ပြန်နိုင်ခဲ့သလို ဒီတိုက်ခိုက်မှုကို Chauk Guerrilla Force ချောက်မြို့နယ်ပြောက်ကျား တပ်ဖွဲ့ (C.G.F) နဲ့ ချောက်ပကဖ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့နဲ့အတူ Hanter Dragon Group ၊ KF. People Defience Force (တပ်ခွဲ – ၂)၊ Nway Oo FM Online ထောက်ပို့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့လည်း သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။