myaelatt athan

Sharing Information to the Local

မိုင်းမတော်တဆမှုကြောင့် KLG PDF ရဲဘော် ၁ ဦးကျဆုံး

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၈၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ အလယ်ကျွန်းပျူရွာအနီးကို ဖေဖော်ဝါရီလ ၈ ရက် ဒီနေ့မနက်ပိုင်းမှာ မိုင်းသွားဆင်ရင်း မိုင်းမတော်တဆမှုဖြစ်ပြီး ကျောက်လုံးကြီး KLG တပ်မဟာမှ ရဲဘော် ၁ ဦးကျခဲ့တယ်လို့ သိရပါတယ်။

“မနက် ၈ နာရီ လောက်မှာ အလယ်ကျွန်းရွာက ပျူတွေထွက်လာတယ်ဆိုလို့ မိုင်းသွားဆင်ရင်း မိုင်းမတော်တဆဖြစ်ပြီး ကျဆုံးသွားတာ၊ ရဲဘော် ၁ ဦး ကျဆုံးပြီး ၅ ဦး ဒဏ်ရာရပါတယ်” လို့ ကျောက်လုံးကြီး KLG တပ်မဟာမှ ရဲဘော်တဦးက‌ ပြောပါတယ်။

မိုင်းဆင်နေချိန် ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် အသက် ၂၈ နှစ်အရွယ် ရဲဘော်ဇော်ကြီးကျဆုံးခဲ့ကာ သူ့ရဲ့စျာပနကိုတော့ ဒီနေ့လယ် ၁ နာရီလောက်မှာ ပြုလုပ်ခဲ့ပြီး မိဘတွေနဲ့အတူ ဘုန်းကြီးတွေပင့်ကာ ကောင်းကောင်းမွန်မွန် သင်္ဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းကာလ ၂ နှစ်အတွင်းမှာ စစ်ကောင်စီကို တော်လှန်ရင်း ကျောက်လုံးကြီး KLG တပ်မဟာမှ ရဲဘော် ၁၈ ဦး ကျဆုံးခဲ့ရတယ်လို့လည်း သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။