တာတိုင်ရွာတိုက်ပွဲမှာ ၂၄ နှစ်အရွယ် PDF တဦးကျဆုံး

0 1
0 1

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၈၊ ၂၀၂၃။

စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာဘက်ကို လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရင်း Moe Nyo Revolution Force M.N.R.F အဖွဲ့က ရဲဘော်တဦး ကျဆုံးခဲ့ပါတယ်။

“တိုက်ပွဲမှာ သေနတ်မှန်ပြီး ကျဆုံးခဲ့တာပါ။ အသက်က ၂၄ နှစ်ပဲ ရှိပါတယ်။ သူရဲ့မိသားစုတွေ ကျန်ခဲ့ပါတယ်။ ကျဆုံးတဲ့နေ့က ညနေပိုင်းမှာပဲ ဈာပလုပ်ဖြစ်ခဲ့တာ” လို့ Moe Nyo Revolution Force M.N.R.F မှ တာဝန်ခံက ပြောပါတယ်။

၂၄ နှစ်အရွယ် ရဲဘော်ရှန်နိုင်းဟာ ဖေဖော်ဝါရီလ ၆ ရက်နေ့က အပြန်အလှန်ပစ်ခတ်မှုမှာ သေနတ်မှန်ပြီး ကျဆုံးခဲ့တာဖြစ်တယ်လို့ ဆက်ပြောပါတယ်။

သူရဲ့စျာပနကို ဖေဖော်ဝါရီလ ၆ ရက် ညနေပိုင်းမှာ လုပ်ပေးခဲ့တာဖြစ်ပြီး စစ်ကောင်စီကို တော်လှန်ရင်း M.N.R.F မှ ရဲဘော် ၃ ဦး ကျဆုံးခဲ့ပြီး အရင်ရဲဘော်တွေတုန်းက ဈာပနအခမ်းအနားကို မလုပ်ဖြစ်ခဲ့ဖူးလို့လည်း သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။