myaelatt athan

Sharing Information to the Local

တော်လှန်ရေးကာလ ၂ နှစ်ပြည့်မှာ PDF အင်အား ၂၀၀ ကျော် ဆန္ဒပြ

မန္တလေး၊ ဖေဖော်ဝါရီ ၁၊ ၂၀၂၃။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကိုင်းမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၁ ရက်ဒီမနက်၇ နာရီလောက်မှာ တော်လှန်ရေးကာလ ၂ နှစ်ပြည့်သွားပေမယ့် ရဲဘော်တွေအနေနဲ့ ဘယ်တော့မှသွေးမအေးကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဒီလှုပ်ရှားမှုမှာ စုစုပေါင်းရဲဘော် အင်အား ၂၀၀ ဝန်းကျင်ပါဝင်ပြီး မနက် ၇ နာရီကနေ ၁၀ နာရီအတွင်း ပြုလုပ်ခဲ့ကြတာပါ။

နဂါးနီပြောက်ကျားတပ်ဖွဲ့မှ တာဝန်ခံ ကိုသားငယ်က “ဒါက ကျနော်တို့ဘက်က တော်လှန်ရေး ၂ နှစ်ပြည့် သွေးမအေးကြောင်း ပြည်သူနဲ့တသားတည်းရှိကြောင်း ရဲဘော်တွေလက်နက်မကိုင်ပဲ သပိတ်ဆန္ဒထုတ်ဖော်ကြတာပါဗျ” လို့ ပြောပါတယ်။

မတ္တရာမြို့နယ်က ကောင်းကင်တော်လှန်ရေးအင်အားစု၊ နဂါးနီပြောက်ကျားတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကိုင်းမြို့နယ်အရှေ့ခြမ်းက LPDF ပြောက်ကျားတပ်ဖွဲ့များ၊ စစ်ကိုင်းမြို့နယ်ကျေးရွာ(ပ.က.ဖ) တပ်ဖွဲ့ဝင်တွေက စုပေါင်းပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။