myaelatt athan

Sharing Information to the Local

ခရီးသွား ၄ ဦးကို PDF ထောက်ပံ့သူတွေဆိုကာ စစ်ကောင်စီဖမ်းဆီး

ရေစကြို၊ ဇန်နဝါရီ ၂၉၊ ၂၀၂၃။

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဇီးတောကျေးရွာအနီးက စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ ခရီးသွား ၄ ဦးကို PDF ထောက်ပံ့သူတွေဆိုပြီး ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂၈ ရက်မနေ့ကနေ့လည်ပိုင်းမှာ မန္တလေးဘက်ကနေ ပခုက္ကူဘက်ကိုလာတဲ့ တိုယိုတာမတ်တူးယာဥ်ပေါ်ပါ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၃ ဦးကို စစ်ကောင်စီဂိတ်က ဖမ်းဆီးထားလိုက်တယ်လို့ ရေစကြို ပကဖ မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“မနေ့က ခရီးသွားကားတစီးကို သူတို့တားစစ်ပြီး ကားပေါ်ပါသူတွေကို ဖမ်းဆီးလိုက်တာက ဟုတ်တယ်။ ဘယ်သူဘယ်ဝါဆိုတာ စုံစမ်းကြည့်တော့ ရေစကြိုဒေသခံတွေမဟုတ်ဘူးလို့တော့ သိရတယ်။ အဲဒီဂိတ်က ငွေတောင်းလည်း တအားကြမ်းသလို။ စစ်ဆေးတာလည်း တအားတင်းကြပ်တယ်။ ဖုန်းတွေပါယူစစ်တတ်တယ်”လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အသက် ၅၀ ကျော်အမျိုးသမီး ၂ ဦး၊ အသက် ၃၀ ကျော် အမျိုးသမီး ၁ ဦးနဲ့ အသက် ၄၀ နီးပါး အမျိုးသား ၁ ဦးဖြစ်ပြီး မန္တလေး ဒေသခံတွေဖြစ်နိုင်တယ်လို့ခန့်မှန်းထားပေမယ့် သူတို့နဲ့ပက်သက်တဲ့ အသေးစိတ်အချက်အလက်ကိုတော့ မသိရှိရသေးပါဘူး။

ဖမ်းဆီးသွားသူတွေကိုတော့ စစ်ကောင်စီက ရေစကြိုနယ်က ဇီးတော(ပျူ) ရွာမှာ ခေတ္တထားရှိပြီး ရေစကြိုရဲစခန်းကို ပို့ဆောင်ထားတယ်လို့ သိရပြီး၊ နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံ ဆက်လက်စုံစမ်းနေဆဲပါ။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။