myaelatt athan

Sharing Information to the Local

၂ မိုင်အကွာကျောင်းသွားတက်ရတဲ့ကလေးတွေအတွက် ကျောင်းဆောက်ပေး

မြေလတ်အသံ၊ ဇွန် ၂၀၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ ကျေးရွာ ၂ ရွာက ကျောင်းသူ၊ ကျောင်းသားတွေ ၂ မိုင်ဝေးတဲ့ နေရာကို သွားရောက်ပြီး ကျောင်းတက်နေရတာကြောင့် ရွာမှာကျောင်းဆောက်ပေးခဲ့တယ်လို့ ဇွန် ၁၉ ရက်မှာ ကသာခရိုင်တပ်ရင်း ၄ ကထုတ်ပြန်ပါတယ်။

NUG အစိုးရစိုးမိုးနယ်မြေထဲရှိ ကျေးရွာ ၂ ရွာပေါင်းမှ အိမ်ခြေ ၂၀ ကျော်ခန့်သာရှိတဲ့နေရာမှာ မူလတန်းကျောင်းဆောင်သစ် ၁ ဆောင်ကို ကသာခရိုင်တပ်ရင်း ၄ မှဦးဆောင်ပြီး လုပ်ငန်းရှင်တွေ၊ တော်လှန်ရေးအင်အားစုတွေပူးပေါင်းကာ ဆောက်လုပ်ပေးခဲ့တာလို့ ဆိုပါတယ်။

“အဲရွာ ၂ ရွာမှာ အရင်ကတည်းကကျောင်းမရှိခဲ့ပါဘူး။ ရွာကကလေးတွေ ၂ မိုင်လောက်ဝေးတဲ့နေရာကို သွားပြီးကျောင်းတက်နေရတာကိုမြင်တော့ သနားလို့၊ မကြည့်ရက်လို့ ကျောင်းကိုဆောက်ပေးခဲ့တာ”လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်အမျိုးသားတဦးက ပြောပါတယ်။

တော်လှန်ရေးဒေသအတွင်းမှာ ပညာရေးအခွင့်အလမ်းတွေကို မှန်ကန်စွာရရှိနိုင်စေဖို့ ရည်ရွယ်ပြီး အခုလိုကျောင်းဆောင်သစ်ကို တည်ဆောက်ခဲ့တာလို့ သူကဆိုပါတယ်။

အဆိုပါမူလတန်းကျောင်းဆောင်သစ်ပြီးစီးခဲ့ပြီးနောက် ဇွန် ၁၈ ရက်မနက် ၉ နာရီမှာ ကျောင်းဆောင်သစ်ဖွင့်ပွဲကို သင်ကြားပေးမယ့် CDM ဆရာ၊ ဆရာမတွေ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ပြုလုပ်ခဲ့တယ်လို့ အထက်ပါတပ်ဖွဲ့ဝင်ကဆိုပါတယ်။

အခုဆောက်လုပ်ပြီးစီးခဲ့တဲ့ စာသင်ကျောင်းကို ပြီးခဲ့တဲ့၂၀၂၄၊ ဒီဇင်ဘာလအတွင်း ဆောက်လုပ်ခဲ့တာဖြစ်ပြီး ၆ လအကြာမှာ ဆောက်လုပ်ပြီးစီးခဲ့တာလို့လည်းသိရပါ တယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။