myaelatt athan

Sharing Information to the Local

တော်လှန်ရေးမှာ ပြည်သူတွေဆက်လက်ပါဝင်နိုင်ဖို့ လူထုနိုင်ငံရေးဆွေးနွေးပွဲကျင်းပ

0 2
0 2

မကွေး၊ ဇန်နဝါရီ ၂၆၊ ၂၀၂၃။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲက ကျေးရွာတရွာမှာ ပြည်သူတွေစိတ်ဓာတ်မကျဘဲ တော်လှန်ရေးမှာဆက်လက်ပါဝင်နိုင်ဖို့ နိုင်ငံရေးဆွေးနွေးပွဲတခု ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂၄ ရက်နေ့လည် ၁ နာရီကနေ ၃ နာရီထိ ကျင်းပခဲ့ပြီး ဒေသကာကွယ်ရေးအဖွဲ့တွေ၊ ရပ်ရွာအဖွဲ့အစည်းတွေနဲ့ ကျောင်းသူ၊ကျောင်းသားတွေတက်ရောက်ခဲ့ကာ PDFနဲ့ ပြည်သူတွေကြား နားလည်မှုပိုရလာအောင်ရည်ရွယ်ပြီး လုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီဘက်ဒေသတွေမှာက ခဏခဏမီးရှို့ခံရတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်းမသွားအောင် အားပေးတဲ့ပုံစံမျိုးလည်း ဖြစ်တယ်၊ နိုင်ငံရေးမှာလည်း ဖက်ဒရယ်နဲ့ ဒီမိုကရေစီဆိုတဲ့ အကြောင်းရာတွေလည်း ကွဲဖို့ပေါ့၊ ပြည်သူတွေကို ဖြည်းဖြည်းချင်းတော့ မျက်စိဖွင့် နားဖွင့်ပေးနိုင်အောင် ဆောင်ရွက်နေပါတယ်။” လို့ ဆွေးနွေးပွဲမှာပါခဲ့တဲ့ အဖွဲ့ဝင်တဦးက ပြောပါတယ်။

မြောင်နယ်နဲ့ ရေစကြိုနယ်ဘက်တွေမှာရှိတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေကိုလည်း ဖယ်ဒရယ်နဲ့ဒီမိုကရေစီအကြောင်း သေချာသိနိုင်ဖို့ မန္တလေး၊ ရန်ကုန်၊ မုံရွာဘက်က သပိတ်ကော်မတီဝင်တွေ ကျောင်းသားအဖွဲ့အစည်းတွေက လာရောက်ရှင်းပြတာတွေ လုပ်‌ဆောင်နေတယ်လို့ ဆိုပါတယ်။

အခုလက်ရှိကျင်းပခဲ့တဲ့ဆွေးနွေးပွဲမှာ နိုင်ငံရေးသမားဟောင်းတွေပါဝင်ခဲ့ပြီး တခြားကျေးရွာတွေမှာလည်း ခုလိုလူထုပါဝင်နိုင်တဲ့ ဗဟုသုတရနိုင်တဲ့ တွေ့ဆုံပွဲတွေကို ဆက်လက်လုပ်ဆောင်သွားဖို့ရှိတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။