လမ်းဘေးရပ်နေတဲ့လင်မယားကို ကားဝင်တိုက်လို့ အမျိုးသားသေဆုံး

0 9
0 9

သဲကုန်း၊ ဇွန် ၁၈၊ ၂၀၂၅။

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ချားလျှားကုန်းကျေးရွာနဲ့ ပျားစည်ကျေးရွာကြား၊ ပြည်-ရန်ကုန် ကားလမ်းပေါ်မှာ ဆိုင်ကယ်လမ်းဘေးရပ်ပြီး မိုးကာဝတ်နေတဲ့လင်မယား ကားတိုက်ခံရပြီး အမျိုးသား သေဆုံးကာ အမျိုးသမီးဒဏ်ရာရတယ်လို့ ကူညီမှုလုပ်ဆောင်ပေးခဲ့သူတွေဆီက သိရပါတယ်။

ဇွန် ၁၇ ရက် ညနေ ၃ နာရီခွဲမှာ ပေါင်းတည်မြို့နယ်၊ ကျီးမနိုးကျေးရွာနေ အသက် ၅၀ ကျော်အရွယ် လင်မယား ၂ ဦးဟာ ပြည်ဘက်ကနေ ပေါင်းတည်ဘက်ကို ဆိုင်ကယ်နဲ့ ပြန်လာချိန် လမ်းဘေးမှာ ဆိုင်ကယ်ရပ်ထားချိန် ကားကဝင်တိုက်ခဲ့တာလို့ဆိုပါတယ်။

“ပြည်ကနေ ဆိုင်ကယ်စီးပြီးပြန်လာတာ။ အဲ့နားရပ်ပြီးမိုးကာဝတ်နေချိန် ကားကစလစ်ဖြစ်ပြီး သူတို့ကိုဝင်တိုက်တာ။ ကားက ရန်ကုန်ဘက်ကလာတာဖြစ်နိုင်တယ်။ သူတို့က လမ်းပုခုံးစပ်ဘေးမှာ ရပ်နေတာ။ ကားကတော့မှောက်သွားတယ်။ စူဇူကီး ဟိုက်ဂျက်ပုံစံမျိုးကား။”လို့ ကူညီဆောင်ရွက်ပေးခဲ့သူတဦးကပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် အမျိုးသားဖြစ်သူက နေရာတင်သေဆုံးခဲ့ပြီး အမျိုးသမီးဖြစ်သူက ဒဏ်ရာပြင်းထန်လို့ ပြည်ခရိုင်ကုတင် ၅၀၀ ကိုလွှဲပြောင်းကုသထားရတယ်လို့ ဆိုပါတယ်။

ကားသမားကတော့ ကားကိုထားပြီးထွက်ပြေးသွားတဲ့အတွက် ဇွန် ၁၈ ရက်ဒီမနက်ပိုင်းထိတော့ ဖမ်းဆီးရမိတာမရှိသေးဘူးလို့ သိရပါတယ်။

သေဆုံးသွားတဲ့အမျိုးသားအလောင်းကိုတော့ အင်းမဆေးရုံကနေ သူနေထိုင်ရာ ကျီးမနိုးကျေးရွာကို ပြန်လည်သယ်ဆောင်ပြီး ဒီနေ့မှာ နာရေးပြုလုပ်မယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၂၈ ရက်ညကလည်း ချားလျှာကုန်းကျေးရွာနဲ့ ဖလံကုန်းကျေးရွာကြား ပြည်-ရန်ကုန်လမ်းပေါ်မှာ ယာဥ် ၂ စီးမျက်နှားချင်ဆိုင်တိုက်မိပြီး ၂ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။