myaelatt athan

Sharing Information to the Local

ယင်းမာပင်က ၅ ရွာကို စစ်တပ်က မီးရှို့တဲ့အပြင် ရွာသားတဦးကိုပါ သတ်သွား

စစ်ကိုင်း၊ ဇန်နဝါရီ ၂၄၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က ကျေးရွာ ၅ ရွာကို စစ်ကောင်စီတပ်သားတွေက ဇန်နဝါရီလ ၂၃ ရက်မနေ့ကနေ့လယ်ပိုင်းမှာ ဆက်တိုက်မီးရှို့ခဲ့တဲ့အပြင် ရွာသားတဦးကိုလည်း သတ်သွားတယ်လို့ သိရပါတယ်။

ကျောက်မှော်ရွာ၊ ကျောက်ကုန်းရွာ၊ အင်းဖက်ရွာ၊ ကြက်လျှာနဲ့ ပန်းတိမ်ပြင်ရွာတွေက နေအိမ်တွေကို မီးရှို့ခဲ့တာဖြစ်ပြီး သံပရာပင်ရိုးတဲတိုက်က အသက် ၃၀ နှစ်အရွယ် ကိုနေထွန်းဆိုသူကိုပါ သတ်ပြီး ဦးခေါင်းနဲ့လက်တဖက်ကို ဖြတ်သွားတယ်လို့ ယင်းမာပင်မြောက်ခြမ်းသပိတ်အင်အားစုမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ကိုနေထွန်းကို ဇန်နဝါရီ ၂၃ ရက်မနေ့က သတ်သွားတာပါ။ အလောင်းကိုတော့ အင်ဖျားရွာမှာ တွေ့တာ။ ဒီနေ့ပဲ သဂြိုဟ်ပြီးပါပြီ။ မီးလောင်တဲ့အိမ်ခြေစာရင်းတော့ မသိရသေးဘူး။ ရွာသားတွေလည်း ရွာထဲအကုန်မဝင်ကြသေးဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် အင်းဖျားရွာက အမျိုးသား ၂ ဦးနဲ့ စုန်းချောင်းရွာက အမျိုးသား ၂ ဦးကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ သူကဆက်ပြောပါတယ်။

အဲဒီစစ်အုပ်စုဟာ ဇန်နဝါရီလ ၁၉ ရက်ကတည်းက ချင်းတွင်းမြစ်ကြောင်းတလျှောက်စုန်ဆင်းလာကာ ကျောက်မှော်ရွာမှာ ၄ ရက်ကြာ တပ်စွဲခဲ့တာဖြစ်ပြီး၊ လက်ရှိမှာ စစ်ကြောင်းဘယ်ကို ဦးတည်နေတယ်ဆိုတာ မသိရှိရသေးပဲ မြစ်ကမ်းဘေးတလျောက်မှာရှိတဲ့ သံဘို၊ ကျောက်မှော်နဲ့ စေသူရွာ ဒေသခံတွေကတော့ ပုန်းရှောင်နေကြရတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။