myaelatt athan

Sharing Information to the Local

လိုအပ်နေတဲ့ ဒရုန်းရပြီဖြစ်လို့ စစ်ကောင်စီကို ပြန်တိုက်တော့မယ်လို့ ကျားခင်စိန်ပြော

0
0

စစ်ကိုင်း၊ ဇန်နဝါရီ ၂၄၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အခြေစိုက်ထားတဲ့ ကျားခင်စိန် (T.G.R) အမျိုးသမီး ဒရုန်းတပ်ဖွဲ့ဟာ လိုအပ်နေတဲ့ ဒရုန်းလေးရရှိသွားပြီးဖြစ်တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့ မစ်ရှင်တွေ ပြန်လည်ဖော်ဆောင်တော့မယ်လို့ ဆိုပါတယ်။

အင်အား ၁၅ ဦးသာရှိတဲ့ ကျားခင်စိန် (T.G.R) အမျိုးသမီးတပ်ဖွဲ့ဟာ မစ်ရှင်မပြုလုပ်ရတာ တလကျော်ရှိပြီးဖြစ်ကြောင်း နဲ့ မိမိတို့လိုအပ်နေတဲ့ဒရုန်းကို ရရှိဖို့ကိုလည်း ၂လလောက်စောင့်ခဲ့ရတယ် လို့ T.G.R အမျိုးသမီးဒရုန်းတပ်ဖွဲ့ခေါင်းဆောင် ကျားခင်စိန်က မြေလတ်အသံကို အခုလိုပြောပါတယ်။

“မစ်ရှင်မပြုလုပ်ရတဲ့ ရက်တွေမှာ အီနာဂါလုံးတယ်၊ မိုင်းတွေကိုလုံးပါတယ်။ အခု လိုချင်တဲ့ ဒရုန်းလည်းရပြီဆိုတော့ စခ တွေကိုပြန်လည်တိုက်ခိုက်တော့မှာပါ။ လောလောဆယ်ဆယ်မှာတော့ စခ တွေရှိတဲ့နေရာပတ်လိုက်တာမျိုးပဲရှိပါသေးတယ်” လို့ ဆိုပါတယ်။

မစ်ရှင်တွေမပြုလုပ်ခင် ဒရုန်းကို စမ်းသပ်မှု ၂ ကြိမ်သာ ပြုလုပ်ခဲ့ကြောင်း နဲ့ မိမိတို့ဖွဲ့စည်းထားတဲ့ ၆ လအတွင်းမှာ ခန့်မှန်းခြေ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၄၀ ကျော်ကို ဒရုန်းနဲ့ ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

အမျိုးသမီးသီးသန့်ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် စတင်ဖွဲ့စည်းချိန်မှာ အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့ ခဲ့ရပေမဲ့လည်း မိမိတို့အဖွဲ့အစည်းဟာ ပျက်ပြယ် မသွားပဲ အခုဆိုရင် ဖွဲ့စည်းထားတာ ၆ လ ခန့်ရှိပြီးလို့လည်း ဒရုန်းအဖွဲ့ခေါင်းဆောင် ကျားခင်စိန်က ဆက်ပြောပါတယ်။

“စစခြင်းဆိုတော့ အခက်အခဲတွေက အများကြီးပါပဲ။ အခက်အခဲတွေထဲက တခုကတော့ အီနာဂါလုံးဖို့ လိုအပ်တဲ့ပစ္စည်းတွေ လိုတာရယ်၊ ဒရုန်းဆုံးရှုံးရတဲ့ အချိန်မျိုးဆို ဒရုန်းလိုအပ်တာတွေကတော့ အခက်အခဲဆုံးပါပဲ” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လပိုင်းတွေမှာတော့ အနည်းဆုံး ဒရုန်း ၃ စီးနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ပစ်ခတ်ခဲ့ပြီး ဒရုန်းဆုံးရှုံးမှုတွေ ဖြစ်လာတဲ့နောက်ပိုင်းမှာတော့ ဒရုန်းတစီးတည်းနဲ့သာ အကြိမ်ကြိမ်မစ်ရှင် ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။