26 July 2026 5:18 PM

လမ်းမထက်က လူထုသပိတ်တွေဟာ ပြည်သူတွေရဲ့အသံ ဖြစ်တယ်

0 1
0 1

စစ်ကိုင်း၊ ဒီဇင်ဘာ ၂၉၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က တနေရာမှာ ဒီဇင်ဘာလ ၂၈ ရက်မနေ့ကနေ့လည်ပိုင်းက အညာပစ်တိုင်းထောင်လေးများအဖွဲ့ဝင်တွေ ဦးဆောင်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့သပိတ်လှုပ်ရှားမှုတခု ပြုလုပ်ခဲ့ပါတယ်။

အဲဒီအဖွဲ့ဟာ စစ်ကိုင်းတိုင်းထဲကမြို့နယ်အချို့မှာ စစ်ကောင်စီတပ်တွေရဲ့လုံခြုံရေးတွေကြားက မကြာခဏဆိုသလို ပြောက်ကျားသပိတ်တွေ ဖော်ဆောင်နေတာလည်းဖြစ်ပါတယ်။

“နွေဦးတော်လှန်ရေးရဲ့ အဓိကဒေါက်တိုင်တွေထဲကတခုဖြစ်တဲ့ လမ်းမထက်က လူထုသပိတ်တွေဟာ အားလျော့လာတာကိုတွေ့ရတယ်။ ဒီလိုချိန်မှာ လူထုသပိတ်တွေ၊ မြို့ပေါ်ပြောက်ကြားသပိတ်တွေဟာ ဆက်လက်အားကောင်းလာဖို့ လိုအပ်တယ်လို့မြင်မိပါတယ်။ လမ်းမထက်က လူထုသပိတ်တွေဟာ ပြည်သူတွေရဲ့အသံပဲ ဖြစ်တယ်” လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ သတင်းတာဝန်ခံက ပြောပါတယ်။

သပိတ်တွေကနေ PDFတွေကို လှူဖို့ကူဖို့ နိုင်ငံတကာကိုလည်း တိုက်တွန်းရာရောက်သလို လမ်းမထက်က သပိတ်တွေရှိနေတာကြောင့် PDF တွေက သူပုန်မဖြစ်တဲ့အပြင် နိုင်ငံတကာကသိဖို့နဲ့ အာဏာရှင်ကိုမကြိုက်လို့ သပိတ်ထွက်နေရခြင်း ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

သူတို့အဖွဲ့ဟာ ပြောက်ကျားသပိတ်ဖော်ဆောင်တာအပြင် ဒေသတွင်းမှာလိုအပ်နေတဲ့ ကလေးငယ်တွေအတွက် သံချဆေးတိုက်ကြွေးတာ၊ စစ်ရှောင်တွေကို အစာအဟာရကျွေးမွေးတာတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။