၄ ရက်ကြာပျောက်နေတဲ့ ၉ နှစ်အရွယ်မိန်းကလေးကို သေဆုံးလျက်ပြန်တွေ့

0 8
0 8

အလောင်းကို မြွေရေခွံအိတ်နဲ့ထုပ်ပြီး စွန့်ပစ်ခံထားရ

မိတ္ထီလာ၊ ဇွန် ၁၁၊ ၂၀၂၅။

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်၊ ဒဟတ္တန်းကျေးရွာမှာ နေအိမ်ကနေ ၄ ရက်ကြာပျောက်နေတဲ့ အသက် ၉ နှစ်အရွယ် မိန်းကလေးငယ် သေဆုံးလျက်ပြန်တွေ့ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

သေဆုံးသူဟာ အသက် ၉ နှစ်အရွယ် Grade 3 ကျောင်းသူ မနှင်းရတီ ဖြစ်ပြီး ဇွန် ၁၁ ရက် မနက် ၉ နာရီခန့်မှာ ကျေးရွာသုသာန်အနီး မြေရေခွံအိတ်အတွင်းမှာထုပ်လျက်အနေထားနဲ့ သေဆုံးနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

“ဆိတ်ကျောင်းသွားတဲ့ ဦးလေးကြီးက ပုပ်စော်နံနေတာဆိုတော့ တိရစ္ဆာန်တွေပစ်ထားလား ဆိုပြီးသွားကြည့်တာ။ ဖိနပ်ကလေးတွေတော့ ရွာကလူတွေလှမ်းခေါ်လိုက်တာ။ လာကြည့်ကြတော့မှာ အိတ်ထဲမှာ ကလေးအလောင်းကို တွေ့ရတာ။ အိတ်ထဲထည့်ခံထားရတယ်ဆိုတော့ အသတ်ခံရတဲ့ ပုံစံတော့ ရှိမယ်”လို့ ရွာခံတဦးကပြောပါတယ်။

ကလေးငယ်ရဲ့အလောင်းကို ပြန်တွေ့ရချိန်မှာ ပုပ်ပွနေပြီးဖြစ်တာကြောင့် အသတ်ခံထားရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဘယ်လိုနည်းလမ်းနဲ့သတ်ထားတယ်ဆိုတာ အဖြေရှာလို့မရသေးဘူးလို့ ဆိုပါတယ်။

အဆိုပါ မိန်းကလေးငယ်သေဆုံးမှုနဲ့ပတ်သက်ပြီး တရားခံကို ဖမ်းဆီးရမိဖို့ရဲဘက်က စုံစမ်းစစ်ဆေးနေကာ အလောင်းကိုလည်း မိတ္ထီလာဆေးရုံကို သယ်ယူစစ်ဆေးမှုလုပ်နေပြီး ဆေးစစ်ချက် အဖြေကတော့ မရသေးဘူးလို့ဆိုပါတယ်။

ဇွန် ၇ ရက်ညနေ ၃ နာရီကျော်ကတည်းက မနှင်းရတီဟာ နေအိမ်ကနေ ကျေးရွာစာသင်ကျောင်းအနီးမှာ ကစားမယ်ဆိုပြီး အိမ်ကထွက်သွားရာမှ နေအိမ်ကို ပြန်ရောက်မလာဘဲ ပျောက်ဆုံးနေခဲ့တာပါ။

ကလေးငယ်ရဲ့ မိဘတွေက ထိုင်းမှာအလုပ်လုပ်နေတာကြောင့် အဖွားဖြစ်သူ၊ အကိုဖြစ်သူတို့နဲ့ နေထိုင်ပြီး ကျေးရွာထဲမှာ နေ့စဥ်ကျောင်းဆင်းချိန်တိုင်း ထွက်ကစားလေ့ရှိတယ်လို့လည်း သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။