လူငယ် ၄ ဦးကို ဖမ်းဆီးပြီး ပုလဲနယ်မှာ ဒရုန်းသင်တန်းပေးဖို့ သွားသူတွေလို့ စွပ်စွဲထား

0 0
0 0

မကွေး၊ ဒီဇင်ဘာ ၂၇၊ ၂၀၂၂။

မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတံတား(ပခုက္ကူ)မှာ ဖမ်းဆီးထားတဲ့ လူငယ် ၄ ဦးကို ပုလဲနယ်မှာ ဒရုန်းသင်တန်းပေးဖို့ သွားသူတွေလို့ စွပ်စွဲပြီး စစ်ကောင်စီကဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ် ၄ ဦးဟာ ရန်ကုန်ကနေ ခရီးသည်တင်ကားနဲ့လိုက်ပါလာချိန် စစ်ကောင်စီတပ်တွေက ဖမ်းဆီးထားလိုက်တာဖြစ်တယ်လို့ ပခုက္ကူ ပအဖ တာဝန်ရှိသူတွေကပြောပါတယ်။

“အဲနေ့က ခရီးသည်တင်ကား ၂ စီးနဲ့ လိုက်ပါလာတဲ့ လူငယ် ၄ ဦးကို PDF တွေဆိုပြီး စကစ ဘက်က တံတားမှာ ဖမ်းလိုက်တာတော့ သိရတယ်။ ကား ၁ စီးမှာ ၂ ယောက်စီလိုက်ပါလာကြတာ။ မြောင်ဘက်ကိုသွားမယ်လို့တော့ သိရတယ်။ ကျနော်တို့ဘက်ကသူတွေမဟုတ်တော့လည်း နောက်ပိုင်းသတင်းအခြေနေကို ထပ်မသိရတော့ဘူး။ အဲနေ့က ဖမ်းဆီးခံလိုက်ရတဲ့ အခြေနေကိုပဲ သိလိုက်ရတယ်။”လို့ ပြောပါတယ်။

အဲ့ဒီလူငယ် ၄ ဦးဟာ အောင်ကျော်ကျော်မြတ် ၂၃ နှစ်စမ်းချောင်းမြိုနယ်၊ ကောင်းမြတ်ထက် ၂၀ နှစ် မြောက်ဥက္ကာလာပမြိုနယ်၊ ဖြိုးမင်းသူ ၂၀နှစ် ကျောက်တံတားမြို့နယ်၊ စိုင်းစည်သူအောင် ၂၄ နှစ်၊ လှိုင်မြို့နယ်တို့က လူငယ် ၄ဦးဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၁၆ ရက်မှာ ရန်ကုန်ကနေ ရဲသူအောင်၊ ရွှေနတ်သား ဆိုတဲ့ ခရီးသည်တင် မှန်လုံယာဥ်တွေနဲ့ လိုက်ပါလာချိန် ဖမ်းဆီးခံရတာဖြစ်ပါတယ်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ အဲဒီ လူငယ် ၄ ဦးဟာ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်းကျေးရွာအနီး တပ်မဟာ(၁) တပ်ရင်း(၃)မှာ ဒရုန်းမောင်းနည်းသင်တန်းတက်ရောက်ခဲ့ပြီး ပုလဲဒေသတွင်း ဗိုလ်နဂါး တပ်တော်အတွက် ဒရုန်းပညာများ ပြန်လည်ပို့ချရန်ဆိုတဲ့ ခေါင်းစဉ်နဲ့ ခရီးထွက်လာချိန်မှာ ဖမ်းဆီးခံရတယ်လို့ ဆိုထားပါတယ်။

လက်ရှိမှာတော့ အဲဒီလူငယ် ၄ ဦးကို စစ်ကောင်စီတပ်က ပခုက္ကူ စစ်ကြောရေးကို ပို့ပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။