myaelatt athan

Sharing Information to the Local

စစ်ကောင်စီတပ်တွေထွက်ပြေးသွားတဲ့ စခန်းကနေ လက်နက်နဲ့ခဲယမ်းတွေသိမ်းဆည်း

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး

ကျောက်ကြီး၊ ဇွန် ၁၁၊ ၂၀၂၅။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ရွာကြီးအင်းကျေးရွာထိပ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းခဲ့တယ်လို့ Falcons Guerilla Force ကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့်နဲ့တပ်စွဲထားတဲ့ အဲ့ဒီစခန်းကို ဇွန် ၁၀ ရက်မနက် ၈ နာရီကျော်မှာ ဒေသကာကွယ်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့်အကြာမှာ စစ်ကောင်စီဘက်က စခန်းကိုစွန့်ခွာထွက်ပြေးခဲ့တယ်လို့ဆိုပါတယ်။

“သူတို့(စကစ)ဝင်ရောက်တပ်စွဲထားတာက အများပြည်သူတွေရဲ့နေအိမ်တွေပါ။ ကျနော်တို့တိုက်ပွဲဖြစ်ပြီး ဝင်ရောက်ရှင်းလင်းချိန်မှာ MA 1 သေနတ် ၁ လက် ခဲယမ်းတွေ၊ စစ်သုံးဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်ဗျ။ စစ်**အလောင်း ၃ လောင်းတွေ့ခဲ့တယ်”လို့ Falcons Guerilla Force မှတာ ဝန်ရှိသူတဦးကပြောပါတယ်။

ရွာကြီးအင်းကျေးရွာရှိစခန်းမှာ ကျောက်ကြီး-ပဲနွယ်ကုန်းလမ်းမကြီးနဲ့နီးပြီး စစ်ကောင်စီတပ်တွေ စခန်းစွန့်ထွက်ပြေးချိန်မှာလည်း လက်နက်ကြီးတွေနဲ့တောက်လျောက်ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်ကလည်း ကျောက်ကြီးမြို့နယ်ရှိ ကျွန်းကုန်း၊ ရင်းတိုက်ကုန်း၊ တောင်စု၊ ရန်မျိုးအောင်၊ တမာခေါ၊ နောင်ကုန်းတံတားရှိ စစ်ကောင်စီတပ်စခန်းတွေကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် – KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ရာ ဒုတပ်ရင်းမှူးအပါအဝင် ၂၀ ကျော်သေဆုံးပြီး လက်နက်မျိုးစုံ ၃၀ကျော်နဲ့ ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။