myaelatt athan

Sharing Information to the Local

ထပ်မံမိုင်းဆွဲခံရပါက အနီးနားက ရွာတွေကို မီးရှို့ပစ်မယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်

0 0
0 0

စစ်ကိုင်း၊ ဒီဇင်ဘာ ၂၆၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းကနေထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီဇင်ဘာ၂၄ ရက်နေ့ည ၈ နာရီလောက်မှာ မိုင်းဆွဲခံခဲ့ရပြီးနောက် မိုင်းသံထပ်မံကြားရရင် အနီးနားက ရွာတွေကို မီးရှို့ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။

ကျောက်ရစ်စခန်းကနေ ခြေလျင်ထွက်လာတဲ့ အင်အား ၅၀ ရှိစစ်ကောင်စီ စစ်ကြောင်းကို ဗိုလ်တောက်ထွန်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က ကျောက်ရစ်နဲ့သဲတောင်ရွာကြားအရောက်မှာ မိုင်း ၂ လုံးဆွဲလိုက်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

“အဲဒီစစ်**တွေက မုံရွာ နမခကပါ။ ကျောက်ရစ်မှာ အထိုင်ချထားတာ ကြာနေပါပြီ။ သူတို့က ညဘက်ပိုင်းတွေဆို အမြဲခြေလျင်နဲ့ရွာတွေထဲကို စစ်ကြောင်းထိုးတယ်။ ကျွန်တော်တို့ တလုံးမိုင်းဆွဲလိုက်လို့ သေဆုံးသွားတဲ့သူတွေထဲမှာ အကြီးတကောင်ပါတယ်လို့ သိရတယ်။ သူတို့ကို နောက်တခါ မိုင်းဆွဲရင် ရွာတွေကို မီးရှို့မယ်ဆိုပြီး ပြောထားတော့ ရွာသားတွေကတော့ ကြောက်လန့်နေတယ်။ လောလောဆယ် ထွက်ပြေးတိမ်းရှောင်တာတွေတော့ မရှိသေးဘူး” လို့ ဗိုလ်တောက်ထွန်းက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေက ပြောဆိုခြိမ်းခြောက်နေပေမဲ့လည်း မိမိတို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း စစ်ကောင်စီစစ်ကြောင်းတွေကို မိုင်းဆွဲမှုတွေ ထပ်မံလုပ်ဆောင်သွားမှာဖြစ်ကြောင်းကိုလည်း အထက်ပါလူက ဆိုပါတယ်။

မိုင်းဆွဲပြီးတဲ့နောက် စစ်ကောင်စီစစ်ကြောင်းမှ လက်နက်တွေနဲ့ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့လည်း မိမိတို့ပူးပေါင်းတပ်ဖွဲ့တွေက အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

မြောင် ဗိုလ်တောက်ထွန်းအထူးတပ်ဖွဲ့ (MBTT)၊ Blood Brothers၊ Hero ပျောက်ကြားတပ်ဖွဲ့ နဲ့ နတ်စစ်သည်တော်များဖောက်ခွဲရေး Local တပ်ပေါင်းစုတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့ကလည်း ကျောက်ရစ်အနောက်ရွာကနေ သရက်သာရွာဘက်ကို ဖြတ်ဆင်းလာတဲ့ အဆိုပါစစ်ကောင်စီစစ်ကြောင်းကိုပဲ ဗိုလ်တောက်ထွန်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးသေဆုံးသွားခဲ့သေးတယ်လို့ ဆိုပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။