myaelatt athan

Sharing Information to the Local

ပြည်သူပိုင်စပါးတွေ ခိုးရိတ်နေတဲ့စစ်အုပ်စု ဒရုန်းနဲ့ဗုံးကြဲခံရ

0
0

စစ်ကိုင်း၊ ဒီဇင်ဘာ ၂၄၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းစီးရွာက ပြည်သူပိုင်စပါးတွေကို ခိုးရိတ်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို ဒီဇင်ဘာလ ၂၄ ရက်ဒီနေ့မနက် ၁၁ နာရီလောက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

မြင်းစီးရွာက ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်သား စုစုပေါင်းအင်အား ၁၅ ဦးလောက်ကို သေနတ်နဲ့အရင်ပစ်ခတ်ပြီးမှ ဒရုန်းသုံးပြီး ဗုံးသီး ၃ လုံးနဲ့ပစ်ချတိုက်ခိုက်ခဲ့တာလို့ FIRE Dragon (KU) တာဝန်ခံ ဗိုလ်ထူးက ပြောပါတယ်။

“အင်အားကတော့ ကင်းဝတ်နေတာရောဆိုရင် ၁၅ ကောင်လောက်ရှိတယ်။ ၁၁ နာရီကျော်လောက်မှာ ဗုံးသီး ၃ လုံး ချခဲ့တယ်။ အသေအပျောက်စာရင်းကတော့ နယ်မြေခံတွေပြောမှသိရမှာဖြစ်လို့ မသိရသေးပါဘူး။ ဗုံးမချခင်မှာ ၇ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့သေးတယ်” လို့ ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ကာကွယ်ရေးရဲဘော်တွေ အထိခိုက်မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

FIRE Dragon (KU)၊ Northern Tigers Group (NTG)၊ D.U.G.F (KU Dragon)၊ Wolf Guerrilla (Ye-U)နဲ့ နယ်မြေခံ ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်ကလည်း ရွှေဘိုမြို့နယ်၊ ထညှင်းကုန်းရွာကနေအိမ်တွေကိုမီးဝင်ရှို့တဲ့ စစ်သားနဲ့ပျူစောထီးတွေကို FIRE Dragon (KU) အဖွဲ့က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၅ ဦးခန့် သေဆုံးခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။