စစ်ကောင်စီက ဦးဆောင်ပြုလုပ်တဲ့ လမ်းလျှောက်ပွဲ ဗုံးပစ်ခံရ

0 3
0 3

ပဲခူး၊ ဒီဇင်ဘာ ၂၄၊ ၂၀၂၂။

ပဲခူးတိုင်း၊ ရေတာရှည်မြို့မှာ စစ်ကောင်စီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ပြုလုပ်တဲ့ လမ်းလျှောက်ပွဲ ဗုံးပစ်ခံရတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၄ ရက်ဒီမနက် ၅ နာရီခွဲလောက်မှာ ရေတာရှည်မြို့၊ အမှတ် (၁) ရပ်ကွက်ရှိ ကန်တော်မင်္ဂလာပတ်လမ်းမှာ စစ်ကောင်စီဘက်က တာဝန်ရှိသူတွေဦးစီးပြီး စစ်ကောင်စီထောက်ခံသူတွေပါဝင်တဲ့ လမ်းလျှောက်ပွဲကို အမျိုးသား ၂ ဦးက ဗုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“အဲဒီနေရာမှာက စကစ မြို့နယ်စီမံကောင်စီက ဦးစီးပြီး လမ်းလျှောက်ပွဲ ခဏခဏလုပ်နေတာ။ လာတာကလည်း ဌာနဆိုင်ရာအများစုနဲ့ သူတို့က မလာမနေရ သတ်မှတ်ထားတဲ့သူတွေလောက်ဘဲ ပါတယ်။ ဗုံးပေါက်တာတော့ ဟုတ်တယ်။ ထိခိုက်တယ်ဆိုတာတော့ မကြားရဘူး။ အသံဗုံးဘဲ ထင်တယ်”လို့ ပြောပါတယ်။

ဗုံးပေါက်တာကြောင့် လမ်းလျှောက်ပွဲလာတဲ့ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ပါဝင်သူတွေ ထိခိုက်တာ မရှိဘူးလို့ဆိုပါတယ်။

ဒီဖောက်ခွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တာလည်းဆိုတာကိုတော့ ထုတ်ပြန်ကြေငြာထားတာမျိုး မတွေ့ရသေးပါဘူး။

ဒီနေ့ပြုလုပ်တဲ့ လမ်းလျှောက်ပွဲဟာ ဒီဇင်ဘာလအတွင်း ပြုလုပ်တဲ့ စတုတ္ထအကြိမ်မြောက် လမ်းလျှောက်ပွဲဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်မှာ ပြည်သူတွေအနေနဲ့ နိုင်ငံရေးမှာ စိတ်ဝင်စားမှုမရှိစေဖို့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပနေသလို မူးယစ်ဆေးဝါးနဲ့ လောင်းကစားကိစ္စတွေကိုလည်း အရေးယူမှုနည်းပြီး မသိချင်ယောင်ဆောင်နေတာများတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။