စစ်ကောင်စီရဲ့ စက်လှေဂိတ်စခန်းကို နတ်တလင်း PDF ကအလစ်တိုက်လို့ ၇ဦးထက်မနည်း သေဆုံး

0 2
0 2

ပဲခူး၊ စက်တင်ဘာ ၁၈၊ ၂၀၂၂။

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်က စစ်ကောင်စီရဲ့ စက်လှေဆိပ် စစ်ဆေးရေးဂိတ်ကို နတ်တလင်း PDF က အလစ်ဝင်တိုက်ခိုက်လို့ စစ်အုပ်စုဘက်က ၇ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ MRF Nattalin အဖွဲ့ဆီက သိရပါတယ်။

စက်တင်ဘာ ၁၈ရက် ဒီနေ့မနက် အစောပိုင်း ၁နာရီကျော်လောက်မှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အလစ်ဝင်တိုက်ခဲ့လို့ ၂ဦးပွဲချင်းပြီးသေဆုံးကာ ၅ဦးထက်မနည်း နောက်ဆက်တွဲသေဆုံးခဲ့တာဖြစ်တယ်လို့ PDF တာဝန်ရှိသူတဦးက ပြောပါတယ်။

” စစချင်းမှာ ရှေ့ထွက်လက်နက်ကြီးနဲ့ ပစ်ပြီး ဝင်တိုက်တာ၊ ၂ကောင်အရင်သေတယ်၊ ပြီးတော့ ၁၅ မိနစ်လောက် တိုက်ပွဲထပ်ပစ်ပြီးပြီးတော့ ၅ဦးကျော်လောက် သေတယ် အတည်ပြုနိုင်တာကတော့ ၇ဦးပါ” လို့ ပြောပါတယ်။

နတ်တလင်းမြို့နယ် လယ်မအင်းအုပ်စု၊ အောင်သုခကျေးရွာ ဘုန်းကြီးကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိနေတဲ့ တောင်ညိုဆည် စက်လှေ စစ်ဆေးရေးဂိတ်ကို သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ တပ်ခွဲ ၄ MRF Nattalin ရဲ့ ” ဂဠုန်ဆရာစံ” စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

” အဓိက အဲ့အဖွဲ့ထဲမှာ လမ်းပြရွာသားပါတယ်လို့ ကြားတယ်၊ ပြည်သူတွေကို ပြောချင်တာက စစ်ကောင်စီနဲ့ ဝေးဝေးနေပါလို့ ပြောချင်ပါတယ်” လို့ PDF တာဝန်ရှိသူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း စစ်ကောင်စီက တိုက်ပွဲမကြာခဏ ဖြစ်နေတဲ့ နတ်တလင်းမြို့နယ်က ကျေးရွာပြည်သူတွေကို လာစည်းရုံးတာတွေရှိသလို ပျူစောထီးသင်တန်းတွေလည်း ပေးသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။