အောင်လံမြို့နယ်က ကြံခိုင်ရေးပါတီ ရပ်ကျေးစည်းရုံးရေးမှူးနဲ့ တပည့်ဖြစ်သူ သတ်ဖြတ်ခံရ

0 2
0 2

မကွေး၊ ဇွန် ၁၄၊ ၂၀၂၂။

မကွေးတိုင်း၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ ကြက်ရုံးလေးကျေးရွာမှာနေထိုင်တဲ့ ကြံ့ခိုင်ရေးပါတီ ရပ်ကျေးစည်းရုံးရေးမှူး ဦးမြငြိမ်းနဲ့ တပည့်ဖြစ်သူ ၂ ဦးကို ဇွန်လ ၁၃ ရက်နေ့ မနေ့က ညနေ ၅ နာရီခန့်က သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံတဦးက ပြောပါတယ်။

အောင်လံမြို့ပေါ်ကို စာသင်ကျောင်းကိစ္စနဲ့ သွားပြီး အပြန်မှာ ကြက်ရုံးလေးကျေးရွာနဲ့ သနပ်တောင်ဗွေကျေးရွာအကြား သနပ်တောင်ဗွေဘုရားအနီးမှာ သတ်ဖြတ်ခံခဲ့ရတာလို့ ပြောပါတယ်။

“သနပ်ကျေးရွာနှင့် ကြက်ရုံးလေး ကျေးရွာ အကြားမှာပါ လက်လုပ်ရှော့ဂမ်းနဲ့ ပစ်ပြီး ဆိုင်ကယ် အလဲမှာ ဓားနဲ့ ထပ်ခုတ်တာ နေရာတင် ပွဲချင်းပြီး။ သူနဲ့အတူနောက်တယောက်က သူ့လက်ရုံး ကြံဖွတ်ပါတီဝင်ပဲ ညီလေးလို့ခေါ်တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီ ရပ်ကျေးစည်းရုံးရေးမှူး ဦးမြငြိမ်းဟာ စစ်ကောင်စီခန့် ကြက်ရုံးလေးကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ယောက္ခမဖြစ်ပြီး သတ်ဖြတ်ခံရချိန်မှာ တရွာတည်းနေ သူ့ရဲ့တပည့်ဖြစ်သူ ညီလေး ဆိုသူဖြစ်တယ်လို့ သိရပါတယ်။

“အဲ့လိုလူတွေမရှိမှ ကျနော်တို့ဒေသခံတွေအတွက် အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်လို့ရမှာ အဲ့တော့ ဝမ်းသာတယ်ဗျာ” လို့ ဒေသခံတဦးက ပြောပါတယ်။

ဦးမြငြိမ်းဟာ အောင်လံမြို့နယ်၊ ကြက်ရုံးလေးကျေးရွာရဲ့ စစ်ကောင်စီဒေါက်တိုင် ပျူစောထီးအဖွဲ့ဝင်တဦးဖြစ်သလို အရင်က ကောင်စီလူကြီးဟောင်းဖြစ်ကာ စစ်တပ်ကို သတင်းပေးသူနေတဦးလည်းဖြစ်တယ်လို့ ဒေသခံတွေကပြောဆိုနေပြီး၊ အမည်မသိအဖွဲ့က သုတ်သင်ရှင်းလင်းသွားတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။