myaelatt athan

Sharing Information to the Local

တပ်မ ၃၃ က စစ်ကြောင်း ပစ်ခတ်ခံရပြီး ကင်းရွာက နေအိမ် ၂၀ လုံး မီးရှို့သွား(ရုပ်/သံ)

စစ်ကိုင်း ၊ ဇွန် ၁၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မင်းကွန်းမြို့၊ ကင်းရွာမှာ စစ်ကိုင်း တပ်မ ၃၃ က ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ People Servant Force ဆီက သိရပါတယ်။

စစ်ကိုင်းအခြေစိုက် တပ်မ ၃၃ က ထွက်လာတဲ့ အင်အား ၁၀၀ ပါ စစ်ကြောင်းကို မေ ၂၈ ရက် မနက် ၆ နာရီခန့်က မင်းကွန်းမြို့ ကင်းရွာအရောက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲကြာချိန် ၅ နာရီခန့်ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုရှိပြီး ကာကွယ်ရေးတပ်တွေဘက်က လက်နက်ခဲယမ်းမလုံလောက်တာကြောင့် ပြန်ဆုတ်ခဲ့ရတယ်လို့ People Servant Force စစ်ရေးတာဝန်ခံက ပြောပါတယ်။

ကာကွယ်ရေးတပ်တွေပြန်ဆုတ်သွားချိန်မှာ စစ်ကောင်စီစစ်ကြောင်းက ကင်းရွာထဲကိုဝင်ပြီးနေအိမ် ၂၀ လုံးကို မီးရှို့သွားတယ်လို့ သူက ဆက်ပြောပါတယ်။

ညနေ ၄ နာရီခန့်မှာတော့ People Servant Force နဲ့မဟာမိတ်တပ်တွေပူးပေါင်းပြီး ကင်းရွာအတွင်း နယ်မြေရှင်းလင်းရေးလုပ်ခဲ့တယ်လို့လည်းဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို People Servant Force-PSF၊ ရတနာပုံတပ်ဦး(LPDF)၊ ဇုန် ၅ မင်းကွန်းတိုက်နယ်ပ.က.ဖ၊ ချမ်းမြသာစည်မြို့နယ်(ပ.ကဖ)၊ Unicornပြောက်ကြားတပ်ဖွဲ့၊ Acid LDF၊ နယ်မြေခံမဟာမိတ်တပ်ဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။