ဒုရဲအုပ်တဦး KTV မှာ သေနတ် ‌အပါအဝင် ဖုန်းနဲ့ ‌ပိုက်ဆံတွေ ပျောက်ဆုံး

0 11
0 11

ပဲခူး၊ မေ ၁၇၊ ၂၀၂၂။

ပဲခူးတိုင်း ပြည်မြို့မှာ ဒုရဲအုပ်တဦး KTV သွားရင်း ပစ္စတိုတလက်နဲ့ ကျည်၆တောင့်အပြင် ဖုန်းနဲ့ ပိုက်ဆံတွေပါ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။

ပြည်မြို့ အမှတ် ၂ရဲစခန်းက ဒုရဲအုပ်အောင်မွန်ဟိန်း နဲ့ အတူအပေါင်းအသင်းတချို့ မေလ ၁၅ရက်ညမှာ ပြည်မြို့ရှောင်လမ်းက Spider KTV ကို သွားခဲ့ပြီး ၁၆ရက် မနက်ပိုင်းအထိနေခဲ့ကျတယ်လို့ သိရပါတယ်။

” ၁၆ရက် မနက် ၅နာရီလောက်မှာ ပစ္စည်းတွေပါသွားတာ၊ Confirm ဖြစ်တယ်၊ အခု KTV က ဂျာကြီးနဲ့ ဝန်ထမ်းတွေကို ခေါ်စစ်နေတယ်လို့ သိရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ဒုရဲအုပ်နဲ့ အတူသွားသူတွေက ရဲတွေလည်းပါသလို အပြင်လူတွေလည်း ပါနိုင်ပြီး ဒုရဲအုပ် အိပ်ပျော်နေစဥ်မှာ ပျောက်သွားလို့လည်း သိရပါတယ်။ ပြည်မြို့မှာ သေနတ်ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး မြို့ဝင်မြိုထွက်တွေမှာ ပိတ်ဆို့ရှာ‌ဖွေတာတွေကိုလည်း လုပ်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။