myaelatt athan

Sharing Information to the Local

ပညာရှင်နဲ့ ပညာတတ်တွေကို ကြိုးဆွဲရာကခိုင်းဖို့ စစ်ကောင်စီက CDM တွေကိုပြန်ခေါ်နေတာလို့ဆို

0
0

မြေလတ်အသံ၊ မေ ၁၇၊ ၂၀၂၂။

လာမဲ့ ၆လပိုင်းမှာ အာဏာသိမ်းစစ်ကောင်စီက အခြေခံပညာကျောင်းတွေကို ဖွင့်ဖို့စီစဥ်ထားပြီး CDM ပညာရေးဝန်ထမ်းတွေကို ပြန်ခေါ်နေပါတယ်။

အခုလ ၃၁ရက် နောက်ဆုံးထားပြီး သက်ဆိုင်ရာ ပညာရေးမှူးရုံးတွေကို အယူခံလွှာတင်ပြီး တာဝန်များကို ပြန်ထမ်းဆောင်နိုင်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပေမယ့်လည်း ပြန်သွားဖို့ အစီစဥ်မရှိဘူးလို့ ဧရာဝတီတိုင်း ဝါးခယ်မမြို့က အထက်တန်းပြCDM ပညာရေးဝန်ထမ်းအမျိုးသမီးတဦးက ပြောပါတယ်။

” CDM စလုပ်ကတည်းကအခက်ခဲဆုံးတွေရင်ဆိုင်လာရမယ်ဆိုတာသိနေလျက်နဲ့​လုပ်ခဲ့တာပါ ပြန်ဝင်ဖို့ဆိုတာတစ်ခါမှတောင်မစဥ်းစားမိဘူးသင်တန်းတွေတက်နေရတာနဲ့ အားတောင်မအားဘူး၊ ဝါသနာပါလို့ဆရာအလုပ်လုပ်ခဲ့ပေမယ့် ကိုယ့်အစိုးရပြန်မလာမချင်းပြန်မသွားနိုင်ပါဘူး စစ်ကျွန်ပညာရေးကိုခြေဦးလှည့်ဖို့ဆန္ဒမရှိပါဘူး” လို့ အထက်တန်းပြ ဆရာမက ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံပုံမှန်လည်ပတ်နေသလိုမျိုး ကမ္ဘာကို ချပြဖို့နဲ့ NUG က ပြုလုပ်နေတဲ့ ပညာရေးအစီအစဉ်တွေကိုဖျက်ဆီးချင်တာကြောင့် CDM ဝန်ထမ်းတွေကို ပြန်ခေါ်နေတာဖြစ်တယ်လို့လည်း အထက်တန်းပြဆရာမက ဆက်ပြောကပါတယ်။

နောက်ထပ် ပညာရေးတက္ကသိုလ် ကထိကဆရာမ တဦးကတော့ စစ်ကောင်စီဟာ ပညာတတ်တွေ ပညာရှင်တွေကို ကြိုးဆွဲရာ ကခိုင်းဖို့ ကြိုးစားနေခြင်းသပ်သပ်သာ ဖြစ်တယ်လို့ ပြောပါတယ်။

” အာဏာကိုမစွန့်လွှတ်ဘဲ၊ အမျိုးမျိုးနဲ့ပညာရှင်၊ပညာတတ်တွေကို၊ ချိုးနှိမ်ပြီးကြိုးဆွဲရာကခိုင်းချင်နေတာ ရွံမုန်းစရာပဲ၊ သူတို့ရူးတိုင်းသာလိုက်ရူးရရင်၊ လူမဖြစ်တာကမှကောင်းအုံးမယ်၊ အမိန့်စာထုတ်နေတဲ့သူတွေကပညာရေးကိုနတစ်လုံးကန်းမှနားလည်တာမှမဟုတ်တာ၊ သူတို့ခိုင်းတာလုပ်နေရင် လူဖြစ်ရှုံးရုံပဲရှိမယ်” လို့ ပညာရေးတက္ကသိုလ် ကထိကဆရာမက ဆိုပါတယ်။

CDMers တွေအနေနဲ့လည်း ပညာတတ်တွေဖြစ်တဲ့ အလျောက် စစ်ကောင်စီကြိုးဆွဲရာမကကြဖို့နဲ့ ကိုယ်ရပ်တည်ချက်အတိုင်း ဆက်လျှောက်ကြဖို့ကိုလည်း ကထိကဆရာမက တိုက်တွန်းထားပါတယ်။

” ကိုယ့်အဆင့်အတန်းနဲ့ ကိုယ်နေကြဖို့ပဲ။ ခုန်မဆင်းစေချင်ဘူး။အမှန်တရားလမ်းကိုပဲဆက်လျှောက်စေချင်ပါတယ်။ဆရာ၊ဆရာမဆိုတာ ကမ္ဘာကိုအလင်းပေးသူတွေပါ။ အနာဂတ်တွေ အမှောင်ဖုံးပျက်စီးသွားမှာကိုတော့အားပေးအားမြှောက်ပြုမနေသင့်ပါဘူးလို့။ အားလုံးပဲအားတင်းထားကြပါလို့။” လို့ ပြောပါတယ်။

စစ်ကောင်စီကတော့ မျိုးဆက်သစ်လူငယ်တွေရဲ့ ပညာရေးကို ရှေုးရှုပြီး ပြီးခဲ့တဲ့ ၁၂ရက်က တက္ကသိုလ်တွေကို ဖွင့်လှစ်ခဲ့ပြီး ၆လပိုင်း ၂ရက်မှာ အခြေခံပညာကျောင်းတွေကို ဖွင့်တော့မှာဖြစ်လို့ ပညာ‌ရေနို့ အပြည်အဝသောက်စို့နိုင်ဖို့ အရည်အသွေးပြည့်ဝပြီး အတွေ့အကြုံရှိတဲ့ ဆရာတွေ လိုအပ်နေတယ်လို့ထုတ်ပြန်ထားပါတယ်။

CDM ပညာရေးဝန်ထမ်းတွေအနေနဲ့ အယူခံလွှာတင်ပြီး ပြန်ဝင်လာတဲ့ အခါမှာ လစာမဲ့ခွင့်အဖြစ်သတ်မှတ်ပြီး တာဝန်ပြန်ထမ်းဆောင်နိုင်ဖို့ ဆောင်ရွက်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။