myaelatt athan

Sharing Information to the Local

အုပ်ချုပ်ရေးမှူးသတ်ခံရပြီးနောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အပါ ၃၀ဦးထက်မနည်းကို စစ်ကောင်စီကဖမ်းထား

0
0

ပဲခူး၊ ဧပြီ ၂၃၊ ၂၀၂၂။

ပဲခူးတိုင်း သာယာဝတီခရိုင် နတ်တလင်းမြို့နယ်က အုပ်ချုပ်ရေးမှူးအသတ်ခံရပြီးနောက်မှာ NLDအမျိုးသားလွှတ်တော်ကိုယ်စားလှယ်အပါအဝင် ရွာသား ၃၀ဦးထက် မနည်းကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဧပြီ ၁၅ရက် သင်္ကြန်အကြတ်နေ့က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရဲမင်း နေထိုင်တဲ့လှပခြင်းအုပ်စုက အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရတဲ့ ကိစ္စနဲ့ ဖမ်းဆီးတာလို့ ဆိုပါတယ်။

“ကိုရဲမင်းကို လာဖမ်းတာ မတွေ့လို့ သူ့နှမကိုခေါ်သွားတယ် ပြီးမှ ကိုရဲမင်းနဲ့ လူချင်းလဲရတာ အုပ်ချုပ်ရေးမှူး အသတ်ခံရတဲ့ ကိစ္စနဲ့ ဖမ်းတာတဲ့၊ ကိုရဲမင်းလိုပဲ သူတို့လိုချင်တဲ့သူကို မတွေ့လို့ မဆိုင်တဲ့သူကိုဖမ်းသွားပြီးမှ ပြန်လဲယူရတာတွေရှိတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ဦးရဲမင်းဟာ ၂၀၂၀ရွေးကောက်ပွဲမှာ သာယာဝတီခရိုင်ထဲက နတ်တလင်း၊ဇီးကုန်း၊ကြို့ပင်ကောက်မြို့နယ်တွေရဲ့ ရွေးချယ်ခံအမျိုးသားလွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်ပီး အကျိုးဆောင်ရှေ့နေတဦးလည်း ဖြစ်တယ်။

လှပခြင်းအုပ်စု အုပ်ချုပ်ရေးမှူး အသတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အနီးနားမှာရှိတဲ့ ကုလားတက်ထွန်းအုပ်စုထဲက ရွာသားတွေအပြင် နတ်တလင်းမြို့ပေါ်ကပြည်သူတွေအပါအဝင် ပြည်သူ ၃၀ ကျော်ကို မဆိုင်ပဲ ဖမ်းဆီးတာတွေလုပ်နေတာဖြစ်တယ်လို့ နတ်တလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

” သူတို့ဖမ်းတဲ့ သူတွေက မဆိုင်တဲ့ သူတွေ ၊ သူတို့ကို ကျနော်တို့ သိတောင်မသိဘူး၊ တကယ်လုပ်တဲ့ သူတွေက လွတ်မြောက်တဲ့ နေရာတွေမှာ ရောက်နေကြပြီ၊ ဘယ်သူတွေက လက်ညိုးထိုးပြီးဖမ်းခိုင်းနေတယ်ဆိုတာလည်းသိတယ်” လို့ နတ်တလင်းမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အခုလို ဖမ်းဆီးတာတွေ လုပ်နေပေမယ့်လည်း နတ်တလင်းမြို့နယ်အတွင်းက စစ်ကောင်စီနဲ့ ပက်သတ်တဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ ဒလံသတင်းတွေပေးတွေကို ဆက်ပြီးအရေးယူတာတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ လည်း ပြောပါတယ်။

” နတ်တလင်းမြို့နယ်ထဲက အုပ်ချုပ်ရေးမှူးတချို့နဲ့ ပျူတွေ တပ်မ ၆၆ အင်းမမှာ သင်တန်းဆင်းပြီး လက်လုပ်တွေပါလာတယ်လို့ သတင်းရထားတယ် ၊ ပိုက်ဆံရှိတဲ့ သူတွေလည်း အတိုဝယ်ကိုင်ထားကြတယ်” လို့ မြို့နယ် ပကဖ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၅ရက် သင်္ကြန်အကြတ်နေ့မှာ နတ်တလင်းမြို့နယ် လှပခြင်းအုပ်စု အုပ်ချုပ်ရေးမှုးကို သာယာဝတီခရိုင် PDF တပ်ရင်းတခုက မနက်၁၀ နာရီဝန်းကျင်မှာ သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။