myaelatt athan

Sharing Information to the Local

ပြည်အကျဥ်းထောင် မှ နိုင်ငံရေးအကျဥ်းသားမပါဘဲ ရဲပြေးနှင့်စစ်ပြေးများအပါ ပြစ်ဒဏ်ချခံနေရသူ ၁၃ ဦးလွတ်

0
0

ပဲခူး၊ ဖေဖော်ဝါရီ ၁၂၊၂၀၂၂။

ပဲခူးတိုင်းဒေသကြီး၊ ပြည်အကျဉ်းထောင်ကြီးမှ ရဲအက်နှင့် စစ်စည်းကမ်းဥပဒေများနှင့် ပြစ်ဒဏ်ချခံနေရသူများ ရက္ခိုင့်တပ်တော် (AA)နှင့် ဆက်နွယ်နေသူများ စုစုပေါင်း ၁၃ ဦးကိုလွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွှတ်ပေးလိုက်ကြောင်း တရားရေးအသိုင်းအဝန်း ထံကသိရသည်။

အဆိုပါ ၁၃ ဦးကို ဖေဖော်ဝါရီလ ၁၂ ရက်၊ ပြည်ထောင်စုနေ့ လွတ်ငြိမ်းချမ်းသာခွင့် ဖြင့်လွတ်ပေးလိုက်တာဖြစ်ပြီး အာဏာသိမ်းမှုအလိုမရှိကြောင်း နည်းမျိုးစုံဖြင့် ဖော်ပြခဲ့မှုများကြောင့် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား တယောက်မှမပါဝင်ကြောင်း သိရသည်။

“ဒီနေ့လွတ်တာကတော့ ရဲအက်တို့ စစ်စည်းကမ်းတို့နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ သူတွေ အခြားသူတွေလည်းပါတယ်။ နိုင်ငံရေးအကျဉ်းသားကတော့မပါဘူး၊ ဒီရက်ထဲမှာကို အမိန့်ချထားတဲ့ ၅၀၅(က) တွေ ရှိတယ်။ သူတို့ကို ပါလာမယ်ထင်တာ အခုထိတော့ မပါသေးဘူး” ဟု တရားရုံးအသိုင်းအဝန်းမှတဦးကပြောသည်။

ပြည်အကျဉ်းထောင်တွင် ယခုရက်ပိုင်းအတွင်း ၅၀၅(က) ဖြင့်ပြစ်ဒဏ် ၂ နှစ်အမိန့်ချခံလိုက်ရသူ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၂ ဦးရှိပြီး၊ ဒီဇင်ဘာလအတွင်းကလည်း အမိန့်ချမှုများရှိနေကာ အလွတ်တန်းသတင်းထောက် ၂ ဦးလည်း ပြစ်ဒဏ်ကျခံနေရဆဲဖြစ်သည်။

ပြည်ထောင်စုနေ့အဖြစ် သီရိလင်္ကာနိုင်ငံသား ၇ ဦး၊ ရက္ခိုင့်တပ်တော် (AA)နှင့် ဆက်နွှယ်နေသူ ၄၆ ဦး၊ အခြား အကျဥ်းသား ၈၁၄ ဦး တို့ကို ရာဇ၀တ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပိုဒ်မခွဲ (၁) အရ လွှတ်ပေးလိုက်ကြောင်း အာဏာသိမ်းစစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။