myaelatt athan

Sharing Information to the Local

ကြို့ပင်ကောက်မြို့မှာ စစ်ကောင်စီက လူငယ်တဦးကို သေနတ်နဲ့ပစ်လို့ သေဆုံး

0
0

ပဲခူး၊ ဖေဖော်ဝါရီ ၆၊၂၀၂၂။

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့မှာ ဖေဖော်ဝါရီ ၅ရက် ညနေ ၄နာရီဝန်းကျင်က လူငယ်တဦးကို စစ်ကောင်စီက သေနတ်နဲ့ ပစ်လို့ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသွားသူလူငယ်နဲ့ သူငယ်ချင်းဖြစ်သူတို့ ၂ဦးက ကြို့ပင်ကောက်မြို့နယ်ဆိုင်ကောင်းရွာကဖြစ်ပြီး ညောင်ပင်အိုင်ရွာကို ဆိုင်ကယ်နဲ့ ဖိတ်စာသွား‌ဝေချိန်မှာ စစ်ကောင်စီက တားဆီးစစ်ဆေးမှုတွေလုပ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

အဲ့လိုစစ်တဲ့ အချိန်မှာ အနောက်က ကလေးကတော့ ထွက်ပြေးတယ်ပေါ့ ကျန်တဲ့ တယောက်က မိသွားတဲ့ အခါကျတော့ ဖုန်းကို ယူစစ်တော့ ( သေဆုံးသူ)ဖုန်းမှာ က NUG Profile လေးချိန်းထားတာရှိတယ်၊ ကျန်တာတော့ ဘာမှမရှိဘူးပေါ့နော်၊ သူတို့က ဖုန်းကို သိမ်းထားလိုက်ပြီးတော့ မင်းသွားတော့လို့ ပြောလို့ ကလေးက ဆိုင်ကယ်မောင်းပြီးအထွက်မှာ နောက်ကနေပြီး‌တော့ ပစ်သတ်တာပါ” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်စခန်းချထားတဲ့ ကြို့ပင်ကောက်မြို့ရဲ့ အရှေ့ဘက် ဝိုင်းရွာအနီးက ညောင်ပင်အိုင်ရွာမှာ ဖြစ်ခဲ့တာလို့ ပြောပါတယ်။

သေဆုံးသွားသူ လူငယ်ဟာ အသက် ၂၁နှစ်အရွယ် ဖြိုးကျော်ဟန်နဲ့ သူငယ်ချင်းဖြစ်သူ အသက် ၂၀ အရွယ် ရှိုင်းဝဏ္ဏထက် ဆိုသူလူငယ်လည်း ဖမ်းဆီးခံလိုက်ရတယ်လို့ ‌အဲ့ဒီဒေသခံက ပြောပါတယ်။

” အဲ့ကလေးက ရွာထဲကို ဝင်ပြီးတော့ ပုန်းနေတယ်ပေါ့၊ ပုန်းနေတဲ့ အိမ်ကပဲ ဟိုဘက်ကဖြစ်တဲ့အတွက် အုပ်ကြီးကို သတင်းပေးလိုက်တော့ အုပ်ကြီးကိုယ်တိုင်ပဲ လာဖမ်းသွားပြီး စစ်တပ်ကို အပ်လိုက်တယ်လို့ သိရပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ သေနတ်နဲ့ ပစ်ခံရလို့ သေဆုံးသွားတဲ့ ဖြိုးကျော်ဟန်ရဲ့ ရုပ်အလောင်းကို အခုအချိန်အထိ မိဘတွေက ပြန်မရသေးဘူးပဲ ပြန်ပေးမဲ့ အချိန်ကို အမျိုးမျိုးရွှေ့ဆိုင်းနေပြီး ဖမ်းခံရသူ ရှိုင်းဝဏ္ဏထက်ကတော့ စစ်ကောင်စီစခန်းချထားတဲ့ ဝိုင်းရွာမှာ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။