11 July 2026 5:26 PM

မန္တလေးမှာ အချင်းချင်းပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်ကြပ်ကြီးသေဆုံး

0 24
0 24

မန္တလေး၊ မေ ၂၆၊ ၂၀၂၅။

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ အင်းဝဘဏ်မှာ လုံခြုံရေးတာဝန်ကျတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှုဖြစ်ခဲ့ပြီး တပ်ကြပ်ကြီး ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူဆီက သိရပါတယ်။

မေ ၂၅ ရက်မနေ့ကနေ့လယ် ၁၂ နာရီဝန်းကျင်မှာ မန္တလေးမြို့၊ ဈေးချိုနာရီစင်အနီး ၂၆ လမ်းနဲ့ ၈၄ လမ်းထောင့်ရှိ အင်းဝဘဏ်မှာလုံခြုံရေးစောင့်နေကြချိန် ပစ်ခတ်မှုဖြစ်ခဲ့ကြတာလို့ ဆိုပါတယ်။

“ပြင်ဦးလွင်ကလာတဲ့ လုံခြုံရေးကားလို့ပြောတာပဲ။ တပ်ကြပ်ကြီးကိုတပ်သားကပစ်တာ။ တပ်မှာ ကိုယ့်ထပ်ရာထူးကြီးတဲ့ သူကိုအဲဒီလိုအာခံလို့မှမရတာ။ ဒုတပ်ကြပ်ကလည်း တပ်ကြပ်ကြီးဘက်က ဝင်ပြောပုံပဲ။ ဒုတပ်ကြပ်ကဒဏ်ရာရတယ်။ တပ်ကြပ်ကြီးကတော့သေတယ်”လို့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ နီးစပ်သူတဦးကပြောပါတယ်။

သေဆုံးသူတွေဟာ ဘယ်တပ်တွေကလဲဆိုတာကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီပစ်ခတ်မှုကကြားရတဲ့ သေနတ်သံတွေကြောင့် မန္တလေးဈေးချိုထဲကဆိုင်တချို့လည်း ကြောက်လန့်ပြီး ပိတ်ခဲ့ကြတယ်လို့ မန္တလေးမြို့ခံတဦးက ပြောပါတယ်။

“ဘ‌‌ဏ်ပိတ်ရက်ဖြစ်တာ။ သေနတ်သံကတော့အချက်ရေတော်တော်များတယ်။ အဲ့တာကြောင့် ဆိုင်တချို့ကပိတ်သွားကြတာ။ ဒီနေ့တော့ပုံမှန်ပါပဲ”လို့ မြို့ခံတဦးက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီဘက်က ရှာဖွေစစ်ဆေးမှုတွေလုပ်ခဲ့ပြီး ပစ်ခတ်ခဲ့တဲ့ စစ်ကောင်စီတပ်သားက လက်ရှိအချိန်ထိထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။