ငြိမ်းချမ်းစွာ ဆန္ဒပြပွဲမှာပါဝင်သူ ၉ ဦး ထောင်ဒဏ်၂ နှစ်စီ ချခံရ

0 2
0 2

ပဲခူး၊ ဒီဇင်ဘာ ၂၃၊ ၂၀၂၁။

ပဲခူးတိုင်းအနောက်ခြမ်း ပေါင်းတည်အကျဥ်းထောင်မှာ ပုဒ်မ၅၀၅ က နဲ့ အကျဥ်းချခံထားရသူ ၉ ဦးကို ဒီနေ့မနက်မှာ အကျဥ်းထောင်တရားရုံးကနေ ထောင်ဒဏ်၂နှစ်စီ ချမှတ်ခဲ့တယ်လို့ မိသားစုဝင်တဦးကပြောပါတယ်။

သူတို့တွေဟာပြီးခဲ့တဲ့ မတ်လ ၂၇ရက် တော်လှန်ရေးနေ့က ပေါင်းတည်မြို့မှာငြိမ်းချမ်းစွာဆန္ဒပြနေတုန်း စစ်ကောင်စီက ပစ်ခတ်ဖြိုခွင်းလို့ ဖမ်းဆီးခံခဲ့ရသူတွေ ဖြစ်ပါတယ်။

“အခုမနက်ပဲ ထောင်တရားရုံးကနေ ပုဒ်မ ၅၀၅ နဲ့ တရားစွဲခံရသူ ၉ဦးကို ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်တယ်၊ အားလုံးက အုန်းနဲစမ်းရွာကပါ၊ အဲ့အထဲမှာမှ ထက်ကိုကိုလင်းဆိုတဲ့ တယောက်ကကျ ပုဒ်မ ၃၀၇နဲ့ ကပ်ခံရပြီး ၃၀၇အတွက်က ထောင်တနှစ်ချလိုက်တော့ သူက သုံးနှစ်ဖြစ်သွားတယ်” လို့ လိုက်ပါအကျိုးဆောင်ပေးနေသူတဦးက ပြောပါတယ်။

သူတို့အားလုံးဟာတရွာတည်းသားတွေဖြစ်ပြီး ချုပ်နှောင်ခံနေရတာ ၉ လရှိပြီဖြစ်ကြောင်း သိရပါတယ်။

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။