ပုဇွန်မြောင်းရွာမှာ စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရ

0 14
0 14

ညောင်လေးပင်၊ မေ ၂၊ ၂၀၂၅။

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာရှိ စစ်ကောင်စီအဖွဲ့ကိုတိုက်ခိုက်ခဲ့ရာ ၃ ဦး ဒဏ်ရာရတယ်လို့ မေ ၂ ရက်မှာ Fire Dragon PDF အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မေ ၁ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်ခန့်မှာ ပုဇွန်မြောင်းရွာ၊ ဆွဲဒလွဲရပ်ကွက်က နေအိမ်တွေထဲ ပစ္စည်းတွေလိုက်ယူနေတဲ့ အင်အား ၆၀ ပါ စစ်ကောင်စီအဖွဲ့ကိုတိုက်ခိုက်ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုလည်းဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့ (စကစ)တွေက ရွာထဲမှာတပ်စွဲထားတာ။ အဲ့ကနေ ပစ္စည်းတွေလိုက်ခိုးကြတာ။ ကျနော်တို့ ကင်းပုန်းနဲ့တိုးပြီး ပစ်ခတ်မှုဖြစ်တာ။ တိုက်ပွဲကတော့ မိနစ်ပိုင်းလောက်ဖြစ်သွားတယ်။ နောက်ကနေ လက်နက်ကြီးနဲ့ ထုနေလို့ပြန်ဆုတ်လာရတယ်။”လို့ Fire Dragon PDF အဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၃ ဦးဒဏ်ရာရပြီး တိုက်ခိုက်ပြီးနောက် အထိုင်ချတပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းဘက်ကို ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။

ဧပြီ ၂၀ ရက်ကလည်း ပုဇွန်မြောင်းကျေးရွာအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရခဲ့သေးတယ်လို့ ဆိုပါတယ်။

ပုဇွန်မြောင်းကျေးရွာဟာအိမ်ခြေ ၁,၆၀၀ ဝန်းကျင်၊ လူဦးရေ ၇,၀၀၀ ဝန်းကျင်နေထိုင်တဲ့ စံပြကျေးရွာတရွာဖြစ်ပြီး ၂၀၂၂ ကတည်းက စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး မီးရှို့မှုတွေကြောင့်ဒေသခံတွေ ရွာကတိမ်းရှောင်နေကြရတာလို့ အထက်ပါတာဝန်ရှိသူကပြောပါတယ်။

အဲဒီနောက်ပိုင်းမှာ စစ်ကောင်စီဘက်က အင်အား ၆၀ ဝန်းကျင်နဲ့ ကျေးရွာထဲမှာ အထိုင်ချတပ်စွဲထားပြီး ကျေးရွာအရှေ့လမ်းပိုင်းမှာလည်း စစ်ရေးဂိတ်ချထားကာ လမ်းသွားလမ်းလာတွေကို စစ်ဆေး ဖမ်းဆီးတာတွေပြုလုပ်နေတာလို့ သိရပါတယ်

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။